ချစ်သူနှင့် အတူဖြတ်သန်းရသည့် သင်္ကြန်ချိန်
အပိုင်း(၂) သီဟစော+ဝေယံအောင်
"ဟေး....မိုးစက်... ကိုယ် ဒီမှာ...."
"အကိုသီဟစော တစ်ယောက်တည်းလား။ အကိုဝေယံကော..."
"ယံလေး အိပ်နေတုန်းပဲ..."
သီဟစော၏ စကားကြောင့် မိုးစက် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။ သီဟစော ဘယ်လောက်သောင်းကျန်းထားမလဲ ဆိုတာ တွေးမိပြီး အကိုဝေယံအစား ခေါင်းကျိမ်းမိသည်။
"ဟား..ဟား... မဟုတ်ပါဘူးကွ.... ဝေယံက ဒီမလာခင်အထိသူ့ အတန်းက ကလေးတွေ assignment အတွက် သေမလို လုံးပန်းနေခဲ့တာ။ မြစ်ကြီးနားကိုလည်းရောက်ရောတခါတည်း အိပ်သွားတာ။ ကိုယ် သူ့ကို လက်ဖျားနဲ့တောင် မတို့ရသေးပါဘူး။"
"ပြီးရောဗျာ။ အကိုသီဟက လွယ်တာမဟုတ်ဘူး။ အကို ဝေယံကို ညှာတာပေးစမ်းပါ..."သီဟစောက မိမိကျေးဇူးရှင် ဦးသက်ထွန်း၏သားငယ်လေး ၊ မိမိညီလေးလို ခင်နေသည့် မိုးစက်၏ ပုခုံးကို သိုင်းဖက်ကာ ကားရှိရာကို ခေါ်လာရင်းမေးလိုက်သည်။
"ကြည့်ရတာ မလွယ်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ။ ဒေါက်တာနှင်းထန်လည်း ပါတယ်ထင်ပါရဲ့....ဟုတ်လား။ငါ့ညီ ကိုယ်တွေ့ပေါ့လေ.."
"ဟာ.... မသိဘူးဗျာ။ ခင်ဗျားတို့ လူကြီးတွေက ကလေးတွေဆို အနိုင်ကျင့်တတ်လွန်းလို့ပြောရတာ..."မိုးစက်သည် မိမိစကားနှင့် မိမိချုပ်မိသဖြင့်ရှက်ရမ်းရမ်းကာ ပြောလိုက်သည်။ သီဟစောသည် မိုးစက်၏ ခေါင်းလေးကို မနာအောင်ထုကာ ပြောလိုက်သည်။
"အေးပါကွာ။ ယံလေးကိုတွေ့ရင်မေးလိုက်။ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်သလဲဆိုတာ... ဒါနဲ့ငါ့ညီရဲ့ ချစ်ချစ်ကြီး ပါမယ်ဆို... အလုပ်မပြတ်သေးလို့ ကျန်ခဲ့တာလား"
"ဟုတ်တယ် အကို။ သူ နောက်နေ့မှ လိုက်လာလိမ့်မယ်... လာ သွားကြစို့..၀သုန်တို့လည်း မနက်ဖြန်လာမယ်ပြောတယ်။"
"ကောင်းတယ် ကောင်းတယ်။ ကိုယ်လည်း ကိုယ့်ညီတွေနဲ့ ဒီမှာဆုံကြမှာ..."
"ကိုမင်းတို့ လင်မယားရော ရောက်နေပြီလား"
"ဒီနေ့ညနေ ရောက်မယ်...."
"အင်း...ကိုသစ်ကို ရှိစေချင်လိုက်တာဗျာ"
ŞİMDİ OKUDUĞUN
Love Stories
Kısa Hikayeချစ်ဇာတ်လမ်းများစုစည်းမှု ကိုနှင်းထန်+ မိုးစက် သီဟစော+ဝေယံအောင် သူရိန်+ ကိုကို သတိုးအောင်+ငွေစင် မင်းသတိုး+နွေဦး ထိမိုယွမ်+စာဂီရိ တင်တက်ရင်+ကမာအာဇမာန် တင်မော်ရင်+ဟေဇယ် သူတို့တွေရဲ့ အချစ်ခန်းများသီးသန့်စုစည်းမှု။