Author's Note

8.1K 328 105
                                    

လူတိုင်းမှာ Dark Side လို့ခေါ်တဲ့ အမှောင်ခြမ်းရှိတယ်ဗျ။ အခု ကျွန်တော့်ရဲ့အမှောင်ခြမ်းက လူကြီးတန်မယ့် Rated_M တွေကိုရေးခြင်းပဲဖြစ်ပါတယ်။ Rated ​ရေးရတာကို ​ပျော်​ခဲ့ပါတယ်​။

တကယ်ဆိုရင် ကျွန်တော်က ချစ်ခြင်းရဲ့ နူးညံ့မှုတွေ၊ ချစ်ခြင်းတရားရဲ့ဆွတ်ပျံ့မှုတွေကို ပြပြီး နေရာတိုင်း၊ လူတိုင်း ချစ်နိုင်တယ်။ အချစ်ခံခွင့်ရှိတယ်ဆိုတာကို ဖော်ပြချင်​တဲ့စိတ်​လည်း တစ်​ကယ်​ရှိပါတယ်​။

အချစ်နဲ့ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ ခံယူချက်က လူတိုင်းချစ်ခွင့်ရှိတယ်။ အချစ်ခံခွင့်ရှိတယ်။

ချစ်ဆိုတာ လူတိုင်းနဲ့ထိုက်တန်ပါတယ်။ ဒါပေမယ့် တချို့အချစ်တွေက နောက်ကျပြီးမှ ပေါ်ပေါက်တာမျိုးတော့ရှိတယ်။ ပိုင်ဆိုင်သူရှိပြီးမှာ ပေါ်ပေါက်လာတဲ့အချစ်ဆိုရင် ဖျောက်မပစ်ချင်ဘူးဆိုရင်တောင် ဖော်ပြဖို့မသင့်တဲ့ အချစ်အမျိုးစားပါ။ မြိုသိပ်ခြင်းနဲ့ ကိုယ်ချစ်တဲ့သူကို ချစ်ကြောင်းပြသနိုင်ပါတယ်။

ကိုယ်လက်နှီးနှောမှ အချစ်မဟုတ်ပါဘူး။ စိတ်ချင်းရင်းနှီးတာက ပိုလေးနက်တဲ့အချစ်ပါ။ ကိုယ်ချစ်တဲ့သူက စကားတစ်ခွန်းလေးဟလိုက်ရုံနဲ့။ မျက်လုံးတချက်ရွေ့လိုက်ရုံနဲ့ သူဘာကိုဆိုလိုချင်တယ်ဆိုတာကို သိတာမျိုး။သူနဲ့ကိုယ် ဟန်မပျက်စကားပြောနေရင်း ရုတ်တရက် ငိုနေတာလား ဆိုပြီး တိတ်တိတ်လေး မျက်ရည်ကျနေတာကို သိနိုင်တာမျိုး။ စကားမပြောပဲ ငြိမ်နေတဲ့အခါ ကိုယ် တခုခုနဲ့စိတ်ဆင်းရဲနေတယ်ဆိုတာ သိနိုင်တာမျိုး...စသဖြင့် ကျွန်တော်ကိုယ်တိုင် မပိုင်ဆိုင်နိုင်သေးတဲ့ သိပ်ကို လေးစားအားကျရတဲ့ အချစ်မျိုးတွေကို ပုံ​ဖော်​ချင်​ပါ​သေးတယ်​။

ကျွန်တော် အခု love stories လေးပုဒ်မှာ လိင်ဆက်ဆံခြင်းတွေကို ပက်ပက်စက်စက်ရေးခဲ့မိတယ်။ လိင်ဆက်ဆံခြင်းဆိုတာ ရှက်စရာမဟုတ်ပေမယ့် ဒီလိုအကြောင်းအရာကို မြိန်ရေယှက်ရေရေးနေမိတာ ကျွန်တော့် မကောင်းတဲ့ အမှောင်ခြမ်းပဲ ဆိုပါတော့။ တကယ်ဆို ကျွန်တော် မရေးသင့်ဘူးလားလို့ ​တွေ​ဝေမိပါတယ်​။

ကျွန်တော် နောက်ထပ်ရေးတဲ့ ဇာတ်လမ်းတွေမှာ ဒီလိုမျိုး ထန်​ချင်​ရုံသက်​သက်​မဟုတ်ပဲ သိမ်သိမ်မွေ့မွေ့နဲ့ပဲ ချစ်ခြင်းနဲ့ လိင်စိတ်ကို သရုပ်ဖော်သွားပါတော့မယ်။

အချစ်​နဲ့နည်းတူ လိင်​စိတ်​ဟာလည်း လူတိုင်းမှာရှိမှာပါ။ လိင်​ဆန္ဒ​ဖော်​ထုတ်​ခြင်း​ဖြေ​ဖျောက်​ခြင်း​တွေက ​ဘောင်​တစ်​ခုထဲက​နေ အပြစ်​ကင်းတယ်​လို့ ကျ​နော်​ယုံပါတယ်​။ အဲဒီ​ဘောင်​ထဲဝင်​​အောင်​ ကျ​နော်​​ရေးနိုင်​ခဲ့လား​တော့ မ​သေချာပါဘူး။

အားလုံး သည်းခံဖတ်ရှုပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ အပျော်ဖတ်ရင်းအသိတခုခု ရစေမယ့် စာမျိုးကို ကျွန်တော် ကြိုးစားဖန်တီးချိန်ရောက်ပြီလို့ ထင်​ပါတယ်​။ ဘာမှမရဘူးဆိုရင်​လည်း ကျ​နော့်​ညံ့ဖျင်းမှုပဲ​ပေါ့ဗျာ။

May King

Love StoriesWhere stories live. Discover now