ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 9 (သန်းခေါင်ယံချစ်သူ)

6.9K 240 30
                                    

ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 9 (သန်းခေါင်ယံချစ်သူ)


"နွေဦး...နွေဦး..."

"ကဝေကြီး...ခင်ဗျားလား...ခင်ဗျား ဘယ်မှာလဲ..."

"ဒီမှာလေ.... ကိုယ် ဒီနားမှာ..."

"ဟင့်အင်း...ခင်ဗျားကို မမြင်ရဘူး... ခင်ဗျား မှော်အစွမ်းနဲ့ ကိုယ်ရောင်ဖျောက်ထားတာလား..."

"မဖျောက်ဘူး။ ကိုယ်မင်းရှေ့က ရေကန်ထဲမှာ... ရေပူစမ်းလေးထဲမှာ...."

"မမြင်ရဘူး...ဘာရေပူစမ်းမှ မရှိဘူး။ ကျွန်တော်ရပ်နေတဲ့နေရာက သစ်တောထဲမှာ။ ကျွန်တော့်ဘေးမှာ သစ်ပင်တွေချည်းပဲ ... ခင်ဗျား ကျွန်တော့်ဆီကိုလာပါ။ အခုလာခဲ့ပါ။"

"ကိုယ်လာလို့မရဘူး... မင်း ကိုယ့်ကိုလာရှာမှရမယ်... ကိုယ့်ဆီကိုလာခဲ့ပါ။ ကိုယ့်ကို မင်းကလွဲပြီး ပြန်ခေါ်လို့မရဘူး။"

"ခင်ဗျား ဘယ်နေရာမှ ရှိနေတာလဲ..."

"ကိုယ်က ကိုယ့်စိတ်ဝိဥာဉ်နယ်မြေထဲမှာ ပိတ်မိနေတယ်...မင်းရဲ့မြတ်နိုးရပါသော ချစ်သူဟောင်းဆီမှာ မေးလိုက်ပါ။ ကိုယ်မင်းကို စောင့်နေမယ်..."

နွေဦးသည် အကိုစိုင်းမာန်အလစ် အကိုဇော်ကို သွားတွေ့ကာ အကျိုးကြောင်းပြောလိုက်သည်။ အကိုဇော်က မယုံကြည်သဖြင့် မိမိနှင့်သူအတူခွဲခဲ့သည့် ကေ့စ်များကို ပြန်ပြောပြတော့မှ မေဘရဏီကို ခေါ်ပေးတော့သည်။ မေဘရဏီနှင့်အတူ အခြားသောမှော်ပညာရှင်များက ကိုသူရကိုယ်ထဲ ၀င်နေသော မိမိဝိဥာဉ်ကို သေချာစစ်ဆေးပြီးနောက် လက်ခံပြီး မဟာမြိုင်တောကို ခေါ်လာခဲ့သည်။ မဟာမြိုင်တွင် မိမိကိုယ်ထဲရောက်နေသော ကိုသူရ၀ိဥာဉ်နှင့် ကိုသူရကိုယ်ထဲ ၀င်နေသော နွေဦးဝိဥာဉ်နှစ်ဦး ဆုံမိတော့သည်။

"အကို... ကဝေကြီးရဲ့ ၀ိဥာဉ်နယ်မြေကို အကိုဝင်လို့ရတယ် မဟုတ်လား။ သူဘာလုပ်နေလဲ ကျွန်တော့်ကိုပြောပြပါ။ ပြီးတော့ ကျွန်တော့်ကို သူ့ဆီခေါ်သွားပေးပါ..."

"မရဘူး နွေဦး။ မင်းနဲ့ငါ ကိုယ်ခန္ဓာချင်းပြန်ပြောင်းလို့ရမှာ မင်းနဲ့သူ့ကိုချိတ်ဆက်ပြီး ၀ိဥာဉ်နယ်မြေကို ခေါ်သွားလို့ရမှာ.. အခု မင်းက ငါ့ကိုယ်ထဲဆိုတော့ လုပ်မရဘူးတဲ့ကွ.."

Love StoriesWhere stories live. Discover now