ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 14 (ချစ်ခြင်း၏သံစဉ်)
နီကိုးသည် ဂျက်စပါနှင့်အတူ ဧည့်ခံပွဲတခုကို လိုက်လာခဲ့ပြီးနောက် မိမိမူလတန်းတက်တုန်းက သူငယ်ချင်းမလေးနှင့် တွေ့သဖြင့် ဂျက်စပါ ကိုခွင့်တောင်းကာ စကားပြောရန် ထွက်ခဲ့သည်။ သူငယ်ချင်းမလေး ရို့စ်က သူ့ချစ်သူအကြောင်း မိမိကို မေးချင်သည်ဆိုသောကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်။ ရို့စ်ရဲ့ချစ်သူက နီကိုးနှင့်လည်း ငယ်သူငယ်ငယ်ချင်းဖြစ်သောကြောင့် ရင်ဖွင့်တိုင်တန်းတာလည်း ပါသည်။ နီကိုးသည် ရို့စ်နှင့်စကားပြောပြီး ဟိုကောင် ၀ီလျံကို ဖုန်းဆက်လိုက်တော့ ဒင်းက ပျာပျာသလဲ ရှင်းပြပြီး ပါတီကို ချက်ချင်းလိုက်လာခဲ့သည်။ ရို့စ်နှင့် ၀ီလျံတို့ ကြည်သွားတော့မှ မိမိဘဲကြီးရှိရာကို ပြန်လာခဲ့တော့ ရင်ထွားထွားခါးသေးသေးနှင့် မိန်းမ တယောက်နှင့်အတူ တွဲကျနေသည့် ဂျက်စပါကိုတွေ့သော် နီကိုး ကျောက်ရုပ်လို ရပ်ကာကြည့်နေမိသည်။
ရင်ထဲ ငလျင်လှုပ်သွားသော်လည်း နီကိုး၏အမူယာက ငြိမ်သည်။ ဂျက်စပါနှင့် ထိုမိန်းမတို့ ကရင်း အကြောင်းရာတခုကို တိုးတိုးပြောကာ ရယ်မောနေသည်။ ဒါကို အားကျမနာလိုဟန်ဖြင့် ကြည့်နေသည့် ဘေးမှ မိန်းမအုပ်စု၏ စကားကြောင့် နီကိုး၏ ကျောရိုးတလျှောက် ရေခဲရေနှင့်လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။
"ကြည့်စမ်း ဟိုကောင်မ ဒိုင်ယာနာ... သွက်လိုက်တာ..."
"ဟုတ်ပါ့... သူ အဲ့ဘဲကို ဘယ်အချိန်ကတည်းက ချိန်နေလည်း မသိဘူး။ မျက်နှာက ခွေးတက်လျက်လို့ရတယ်။ ချိုနေလိုက်တာ..."
"အေးလေ... ခုလက်ရှိ လင်နဲ့ကွာရှင်းထားပြီးပြီဆိုတော့ နောက်လင် တယောက် အမြန်ရှာပြီပေါ့..."
"အဲ့လူကို ၀င်လာကတည်းက ငါသတိထားမိတယ်။ သူ့သားလေးနဲ့တူတဲ့ ကောင်လေးတယောက်ပါလာလို့ ငါ လည်း ချိန်နေတာ... ဒင်းက လက်ဦးသွားတယ်။"နူတ်ခမ်းနီ။ ပါးနီးဆိုးကာ လက်ဝတ်လက်စားအပြည့်နှင့် လင်ဆာနေသူ အထက်တန်းလွှာမှ အန်တီကြီးများကို နီကိုး အေးစက်စက် တချက်ကြည့်ကာ ဘားကောင်တာဘက်ကို ထွက်လာခဲ့သည်။
YOU ARE READING
Love Stories
Short Storyချစ်ဇာတ်လမ်းများစုစည်းမှု ကိုနှင်းထန်+ မိုးစက် သီဟစော+ဝေယံအောင် သူရိန်+ ကိုကို သတိုးအောင်+ငွေစင် မင်းသတိုး+နွေဦး ထိမိုယွမ်+စာဂီရိ တင်တက်ရင်+ကမာအာဇမာန် တင်မော်ရင်+ဟေဇယ် သူတို့တွေရဲ့ အချစ်ခန်းများသီးသန့်စုစည်းမှု။