Untitled Part 69

2.1K 252 8
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 4

Chapter 15 ( ၀ိဥာဉ် မိစ္ဆာ)

အနက်ရှိုင်းဆုံး အမှောင်ထုထဲကနေ

"၇ ကလေး... မင်းက အထက်မြက်ဆုံးပဲ။ ဒီကိစ္စကို မင်းသွားဖြေရှင်းလိုက်ပါ။ ကျူးကျော်သူကိုတော့ သေအောင်သတ်ခဲ့လိုက်နော်။"


"ဟုတ်ကဲ့ပါ ဆရာကြီး.."

လူငယ်လေးက တုန့်ဆိုင်းမနေပဲ ချက်ချင်းပြန်ဖြေလိုက်ပါတယ်။


"သွားတော့"

သတ္တုပြားကြီးဟာ တဖြည်းဖြည်း ပြန်ရွေ့လျားလာပြီးတော့ လျှောက်လမ်းကို ပြန်လည်ပျောက်ကွယ်သွားပါတော့တယ်။

ဒီတာ့မှ ခုန ၆ယောက်လည်း သက်ပြင်းချနိုင်သွားကြပါတော့တယ်။ သူတို့က သူတို့ ဆရာရဲ့ တပည့်ရင်းတွေ ဖြစ်ကြပေမဲ့ ဆရာနဲ့ တွေ့တွေ့လိုက်ရတိုင်း အမြဲ ကြောက်ရွံ့ကြပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဆရာကို ဖီဆန်တဲ့ တပည့်မှန်သမျှ မသေမချင်း ညင်းပန်းနှိပ်စက် ခံရပြီးတာ့ ၀ိဥာဉ်လည်း ပြန်မွေးဖွားနိုင်ခွင့် မရှိတော့အောင် ဖျက်ဆီးခြင်းခံရလို့ပါ။

"ဆရာ ဘယ်မှော်ရတနာကို ဖန်ဆင်းနေတာလည်းဆိုတာ ဘယ်သူက သိနိုင်မှာလည်း။ အကုန်ပေါင်းရရင် အစကနေအဆုံးဆို.. ငါတို့ တခြားနေရာတွေမှာ သတ်ဖြတ်နှိပ်စက်ခဲ့တာတွေပါဆိုရင်.. ငါတို့ သတ်ခဲ့တာ ဇင်တျန် တန်ခိုးရှင် ရာနဲ့ချီနေပြီးတော မရေမတွက်နိုင်တဲ့ သာမာန်လူတွေပါ ပါနေပြီ။ ဆရာတစ်ခါပြောဖူးတာတော့ ဒီမှော်ရတနာသာ ပြုလုပ်တာ အောင်မြင်သွားရင် ၀မ်ရှင်းသူတော်စင်ကိုတောင်မှ ကြောက်စရာ မလိုတော့ဘူးလို့ ပြောတယ်။ ဘာ ရတနာပါလိမ့်။"


"ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ ရတနာပဲ နေမယ်။"


"အခုဆို ဆရာ့ရဲ့ မှော်ရတနာက လုပ်ထားတာ တစ်ဝက်လောက်ပဲ အောင်မြင်သေးတယ် ပြောတယ်။ ဒါပေမဲ့ သူ ဒီဝန်းကျင်က ဇီဖူ တန်ခိုးရှင်တွေကို လုံးဝ လျစ်လျူ ရှုထားတယ်။ သူအောင်မြင်မဲ့ အချိန်က...."

လူ ၆ယောက်က တီးတိုး ဆွေးနွေးနေကြပါတယ်။ သူတို့ဆရာ ပြုလုပ်ပေးနေတဲ့ မှော်ရတနာကို သူတို့စပ်စုချင်နေတာပါ။ ဒါပေမဲ့ သူတို့ဆရာက လေ့ကျင့်မှုအတွက် တောင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တရားကျင့်နေပြီးတော့ ဘယ်သူ့ကိုမှ ၀င်ခွင့် မပေးထားပါဘူး။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now