ep-2

7.3K 364 8
                                    

ZawGyi

ယနေ့သည် ဇွန်လ၊ ၁ ရက်နေ့ဖြစ်သည်။

ကျောင်းစဖွင့်သည့်နေ့၊ သာယာလှပသည့်မနက်ခင်းလေးတွင်ငှက်ကလေးများ၏အော်ညီးသံများမှာနားငြီးသယောင်ရှိပေမဲ့လည်း သဘာဝရဲ့ပြရုပ်တစ်ခုသဖွယ်သာယာလျက်ရှိသည်။

ထိုကဲ့သို့ သာယာလှတဲ့မနက်ခင်းလေးမှာလည်း ယမင်းသော်တစ်ယောက် သာယာလှသောအသံဖြင့် နိုးထလာရသည်။ ပုံမှန်ဆို ၉နာရီလောက်မှထတတ်သောယမင်းသော်တစ်ယောက် ပထမဆုံးနေ့တွင် နိုးမရအောင် အိပ်ပျော်နေတော့သည်။ ညကစောစောအိပ်ပေမဲ့ အိပ်မပျော်ခဲ့ဘူး။ ချစိရသူကို နေ့တိုင်းပြန်တွေ့ရတော့မယ်ဆိုတဲ့စိတ်ကြောင့် အိပ်မရဖြစ်နေခဲ့သည်။ မနက်ကြတော့ အခုလို သာသာယာယာလေး နိုးလာရတော့သည်။

"ယမင်း! ယမင်းသော်! ဟဲ့ကောင်မလေး။ မထသေးဘူးလား။ ပထမဆုံးကျောင်းတက်ရမဲ့နေ့မှာ
ဘယ်အချိန်ထိအိပ်နေမှာလဲ။ ဒါကြောင့်ညဘက်တွေစောစောအိပ်ပါလို့ ပြောပါတယ်။ အခုတော့ ကြည့်။ မထနိုင်တော့ဘူးမလား။"

အခန်းအပြင်ဘက်ကနေ တံခါးကိုခေါက်ကာ နှိုးနေသောအမေ့ကြောင့် မထချင်ထချင်ဖြင့် မျက်လုံးပွင့်လာသည်။ ဒါပေမဲ့ အိပ်ချင်နေတုန်းဘဲ။ ဒါကြောင့် ခဏလောက်ဆက်အိပ်ရန် လုပ်လိုက်သည်။

"ငါးမိနစ်ဘဲ အမေ။ ပြီးရင်ဆင်းလာမယ်။"

ဒါပေမဲ့ အမေကတော့ လက်မလျော့ပေ။ ဆက်ကာ နှိုးနေသည်။

"ဘာမှငါးမိနစ်ပြောမနေနဲ့ ယမင်းသော်။ နင်ဘဲထမလား။ ငါဘဲအခန်းသော့ဖွင့်ပြီးဝင်လာရမလား။"

မပွင့်ချင်ဖြစ်နေသောမျက်လုံးနှစ်လုံးဟာ ထိုစကားကိုကြားလိုက်တော့ ပြူးသွားသည်။ ဝင်သာလာရင် အနည်းဆုံးတော့ မိနစ်နှစ်ဆယ်လောက်တော့ အဆူခံရမှာသေချာသည်။

အမလေး။ အမေ ဝင်လာလို့တော့မဖြစ်ဘူး။ ဝင်သာလာရင် ငါအဆူခံရပြီး နားကွဲလိမ့်မယ်။ အခုလို နားအကွဲခံရမဲ့အလုပ်မျိုးကို ယမင်းသော်မလုပ်ပေ။

"ဟာ အမေတို့ကလည်း။ ဘာမှန်းလည်းမသိဘူး။ ခဏပါဘဲဆို။ ထပြီ..ထပြီ။ ရပြီလား။"

နှင်း (1) (Completed)Where stories live. Discover now