ep-10

3.2K 210 4
                                    

ZawGyi

ကားပေါ်သို့တက်လိုက်သည်နှင့် ယမင်းသော်တို့သူငယ်ချင်းလေးယောက်လုံးကတော့ နောက်ဆုံးထိုင်ခုံသို့ ဘယ်သူ့မှမထိုင်ခင် ဦးစွာသွားကာထိုင်လိုက်ကြသည်။ ထို့နောက် ကားပေါ်တွင် ကျောင်းသူများ ပြည့်နှက်သွားသည်။ ဖုန်းကိုထုတ်ကာ အဖေ့ကို သွားတော့မည်ဖြစ်ကြောင်းလှမ်းပြောအပြီး ကားပြတင်းပေါက်မှ အပြင်ကိုမျက်စိရောက်မိတော့ ဘေးကကားပေါ်မှာ 'နှင်း'ရဲ့အဖေကိုတွေ့လိုက်သည်။

"ဟင်။ နှင်း နင့်အဖေပါလိုက်မလို့လား။"

"အင်း စိတ်မချလို့တဲ့။ ပြောလို့မရဘူး။"

"အော်"

ခက်တော့ခက်သား.. မိဘတွေကလည်း ဆရာမပါမယ်ဆိုတာကိုစိတ်မချလို့လိုက်လာကြတယ်။ မပင်ပန်းကြဘူးလား။ ဘာမှမဟုတ်ပေမဲ့ စိတ်ထဲကတွေးလိုက်မိသည်။

ထားပါ သူတို့ကိစ္စနဲ့သူတို့ဘဲ။

'မစဉ်းစားတော့ဘူး'ဟုတွေးကာ ဖုန်းဆက်အပြီး ပြန်ထည့်ထားသောလွယ်အိတ်ထဲကဖုန်းကိုထုတ်လိုက်ပြီးနားကြပ်တပ်ကာ သီချင်းသာနားထောင်နေလိုက်သည်။ ကားစီးရင် သီချင်းနားထောင်နေကျ အကျင့်ရှိတာကြောင့်ပင်။

ဘေးနားက'နှင်း'ကတော့သူငယ်ချင်းတွေနဲ့စကားပြောနေလေသည်။ အပြင်ကိုငေးကာ သီချင်းနားထောင်နေရာက'နှင်း'ရယ်နေသည့်ပုံကိုကြည့်ကာပြုံးလိုက်ရင်း အပြင်ကိုသာပြန်ငေးလိုက်သည်။

ခဏကြာတော့ 'နှင်း'လည်း သူငယ်ချင်းတွေနဲ့စကားပြောနေတာကိုရပ်လိုက်သည်။ ပြီးတော့  ယမင်းသော်ဘက်လှည့်ကာ ပြောလိုက်သည်။

"သော် ငါ့ကို ဓါတ်ပုံရိုက်ပေးပါလား။"

အဲ့တာကြောင့် 'နှင်း'ရဲ့ ပုံလေးကို သဘောအတိုင်း ရိုက်ပေးလိုက်သည်။

"သော် ငါလှလား။"

"အင်း လှတယ်။ အရမ်း။"

နင်က ငါ့မျက်လုံးထဲမှာဘယ်လိုနေနေလှတယ်။ ဒီတိုင်းလည်း လှတယ်။ အပြင်ဝတ်စုံနဲ့လည်း လှတယ်။ ကျောင်းဝတ်စုံလေးနဲ့လည်း လှတယ်။ ဆံပင်ချထားလည်း လှတယ်။ ဆံပင်စည်းထားလည်း လှတယ်။ ကမ္ဘာပေါ်မှာအလှဆုံအမျိုးသမီးလေးဆိုတာ ငါ့အတွက်တော့ နင်ဘဲ နှင်း။

နှင်း (1) (Completed)Donde viven las historias. Descúbrelo ahora