ZawGyi
ကျောင်းကိုရောက်ချိန်သည် ၁၁နာရီခွဲပါနီးလောက်ရှိပြီ။ ကျောင်းကိုရောက်ရောက်ချင်း ကားပေါ်ကဆင်းကာ နှင်းကိုလိုက်ရှာမိတယ်။ အမြဲတမ်း ကျောင်းကိုဆို စောနေအောင်လာတတ်တဲ့နှင်းသဇင်မင်းရဲ့အကျင့်ကြောင့် ကားပေါ်မှာထိုင်တဲ့အကျင့်ကိုပြင်ကာ သူ(မ)လိုက်ရှာရတာက အကျင့်ဖြစ်လာသည်။
ယမင်းသော်လိုသူငယ်ချင်းသိပ်မရှိတဲ့သူအတွက် နှင်းသဇင်မင်းကသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ ဒါပေမဲ့ အခုတော့ ဒီသူငယ်ချင်းဆိုတဲ့အရာကို ကျော်မိနေပြီဖြစ်သည်။
ယမင်းသော်မှာ သူငယ်ချင်းဆိုလို့ နှင်းအပါအဝင်နောက်ထပ်နှစ်ယောက်ဘဲရှိသည်။ ဒါပေမဲ့ အခုတော့ ခါတိုင်းနဲ့မတူညီစွာ နှင်းတစ်ယောက်ကျောင်းမရောက်လာသေးပေ။ သူငယ်ချင်းဖြစ်သူတွေတစ်ယောက်မှမရောက်သေးတော့ယမင်းစိတ်ညစ်ညစ်ဖြင့်သာ ကျောင်းရှေ့ဝင်ပေါက်စီကို လျှောက်လာခဲ့သည်။
ကျောင်းရှေ့မှာရှိတဲ့သစ်ပင်ရိပ်အောက်မှာရပ်ကာ ဟိုကြည့်ဒီကြည့်ဖြင့် ယောင်တောင်တောင်နဲ့ရပ်နေသော မိန်းကလေးတစ်ယောက်ကိုမြင်ရင် ထိုသူက ယမင်းသော်ဆိုတာ တပ်အပ်ပြောနိုင်သည်။ လူမှုဆက်ဆံရေးညံ့တယ်လို့ကိုယ့်ကိုယ်ကို တစ်ခါမှမတွေးဖူးပေမဲ့ အခုလိုတစ်ယောက်တည်းဖြစ်နေချိန်ဆို တကယ်ကြီးများ မကောင်းတာလားလို့ ကိုယ့်ကိုယ်ကိုတွေးမိသည်။
ဟိုကြည့်ဒီကြည့်လုပ်ရင်းစောင့်နေတာ နာရီဝက်လောက်ကြာတော့ သုံးယောက်ထဲကတစ်ယောက် ရောက်လာခဲ့သည်။
"သော်"
"သော်"ဆိုတဲ့ခေါ်သံလေးကြောင့် ဘယ်သူရောက်လာလဲဆိုတာကို သိလိုက်သည်။ နောက်လှည့်ကြည့်လိုက်တော့ ရှညျလြာဲလှတဲ့ဆံပငျလေးကိုဘေးနှစ်ဖက်ခွဲပြီးစည်းထားတဲ့နှင်းသဇင်မင််းကို တွေ့လိုက်သည်။
ချစ်စရာကောင်းလိုက်တာ။
"နှင်း..လာပြီလား။"
လွယ်အိတ်ဘေးက ရေဘူးကိုယူကာ အရင်သောက်လိုက်ပြီးမှ ယမင်းသော်မေးသောအမေးကို ဖြေလိုက်သည်။
"အင်း နည်းနည်းနောက်ကျသွားတယ်။ ဒါနဲ့ ကျန်တဲ့သူတွေကော။"
"မလာသေးဘူး။ ငါတစ်ယောက်ထဲပျင်းနေတာ။"
YOU ARE READING
နှင်း (1) (Completed)
Teen Fiction'ရူးရအောင်ချစ်ပေမဲ့မင်းပျော်ရွှင်ဖို့အတွက်..' "ပျော်အောင်နေပေးပါ ချစ်သောရေ.. ငါလက်လွှတ်ပေးရတာနဲ့တန်အောင်.." 1192018-31122019