ep-35

1.7K 88 0
                                    

ZawGyi

သင်္ချာစွမ်းရည်ဖြေဖို့စာရင်းပေးရန် လာပြောသည့်နေ့မှစ၍ ယမင်းသော်တစ်ယောက် စာကိုအသေအကျေလုပ်နေကြသည်မှာယနေ့အထိပင်။  ထိုနေ့မှစ၍ ယမင်းသော်နှင့်နှင်းသဇင်းတို့မတွေ့ရသည်မှာရက်အတော်ကြာပြီဖြစ်သည်။ တွက်ကြည့်ရင် တစ်လနီးပါးလောက်ဖြစ်မည်။

ယနေ့တွင်တော့ ဖြေရမည်ဖြစ်တာကြောင့် ဒီအချိန်ပြီးမှ နှင်းသဇင်မင်းနှင့်ယမင်းသော်တို့ တွေ့ရမည်ဖြစ်သည်။ ဖြေရမည့်အခန်းလည်းမတူဘူးလေ။

ယမင်းသော်စိုးရိမ်သည်က သူ(မ)မဖြေနိုင်မည်ကိုမဟုတ်ပေ။ ဘာလို့လဲဆို နှင်းဖြေနိုင်မယ်ဆိုတာ ယမင်းသော်သိတာကြောင့်ပင်။ ဘာကိုစိုးရိမ်လဲဆိုတော့ အင်္ဂလိပ်စာစွမ်းရည်ဖြေမည့်ထဲတွင် နှင်းသဇင်မင်းရဲ့ရည်းစားဟောင်းဖြစ်သူမိုးမခလည်းအပါအဝင်ဖြစ်သည်။ ကြားထဲမှာ အပြောအဆိုရှိပေမဲ့ မပြောနဲ့ဆိုပြီးသွားလုပ်လို့လည်း ယမင်းသော်မရ။

အဲ့တစ်ယောက်ကို ယမင်းသော်ကြည့်မရသည်မှာ
စစချင်းကျောင်းပြောင်းလာကတည်းကပင်။ နှင်း နဲ့တွဲသည့်အချိန်မှာတော့ ပိုပြီးကြည့်မရဖြစ်ခဲ့တာအခုချိန်ထိလို့ ဆိုရမည်။

မသိရင် သူ့ကိုသူဘာထင်လို့ထင်မှန်းမသိ။ ဘဝင်ကလည်းမြင့်သေး။ သူဖြတ်လိုက်သည့်မိန်းကလေးပေါင်းလည်းမနည်းပေ။ သူသည်လည်း သဇင်မေလိုစာတော်တဲ့လူဖြစ်တာကြောင့် ဆရာမတွေဟာ လွှတ်ထားတာဖြစ်သည်။ သူက ဖြတ်ပြီးလျှင်လည်း တော်တော်နဲ့မပြတ်။ သူဆက်ချင်တဲ့အချိန်ပြန်ဆက်တဲ့သူမျိုး။ အဲ့လိုလူနဲ့ လေ့ကျင့်ချိန်တွေမှာ နှင်း နဲ့အမြဲတွေ့ရတော့ နှင်းကိုစိတ်မချသည်မှာ သူ(မ)အမှားလား။ မမှားလောက်ပါဘူး။ နှင်းကိုမယုံကြည်သလိုဖြစ်နေပေမဲ့ စိုးရိမ်စိတ်ဟာတော့ ရှိနေစဲပါ။

ဘာဘဲဖြစ်ဖြစ် နောက်မှ သူ(မ)ကိုပြောရမည်။ အခုတော့ သင်္ချာဖြေရန် အာရုံစိုက်ရမည်။

"သင်္ချာဖြေမဲ့ ကျောင်းသားကျောင်းသူတွေ
ဒီဘက်လာခဲ့ကြ။ အင်္ဂလိပ်စာဖြေမဲ့ ကျောင်းသားကျောင်းသူတွေက အရှေ့ကအဆောင်ကိုသွားလိုက်ကြနော်။ နောက်ကျတဲ့သူရှိရင်လည်းအခန်းစောင့်ဆရာမကိုပြောလိုက်။"

နှင်း (1) (Completed)Where stories live. Discover now