ZawGyi
သွားရမည့်နေ့တွင်တော့ ယမင်းသော်တစ်ယောက် ပုံမှန်ထက်စောစောစီးစီးထလာပါတော့သည်။ ထထချင်း ကုတင်ဘေး စားပွဲပေါ်က နာရီကိုကြည့်မိတော့ ၆နာရီခွဲခါနီးပြီ။ အခန်းတံခါးတွေကိုဖွင့်ကာ ရေချိုးခန်းထဲဝင်ပြီး မျက်နှာကိုမြန်မြန်သစ်ပြီးထွက်လာခဲ့တယ်။ထို့နောက်အောက်ထပ်ဆင်းကာ သွားရန်ပြင်ဆင်တော့သည်။
ရေချိုး,အဝတ်အစားလဲပြီးချိန်တွင်တော့ နာရီသည် မနက်(မနက်၈)နာရီခွဲနေပြီ။ ရေချိုးချိန်သည် သာမန်ထက်။ မဟုတ်။ တော်တော်လေးကိုကြာသွားသည်။
ကျောင်းမှ ကိုးနာရီခွဲအရောက်ဟု ပြောထားသဖြင့်မနက်စာစားကာ မြန်မြန်ပြင်ဆင်တော့သည်။အာလုံးပြင်ဆင်ပြီးသွားချိန်သည် (၉)နာရီဖြစ်သည်။ အားလုံးပြီးပြီဖြစ်တာကြောင့် အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်ကာ အဖေ့ကိုစောင့်နေမိသည်။ ဒါပေမဲ့ စောင့်ရင်းစောင့်ရင်း (၉)နာရီခွဲတော့မည်ဖြစ်တာကြောင့်.. "အဖေ ကိုးနာရီခွဲတော့မယ်။သွားရအောင်။"
အဖေ့စီသွားကာ သွားကြရန် မျက်နှာချိုသွေးလုပ်လိုက်သည်။ ဒီနေ့မှ အဖေ့ရဲ့အလုပ်တွေက တော်တော်များနေသည်။
"အေးပါ သမီးရယ်။ ပြီးတော့မယ်။ ခဏလေးပါ။"
"ဟုတ်ကဲ့။"
ယမင်းသော်တစ်ယောက် "ဟုတ်ကဲ့" ဟုပါးစပ်ကဆိုပေမဲ့ နှုတ်ခမ်းကဆူနေတာတစ်တောင်လောက်ရှိပြီ။
ယမင်းသော်ဟာအပြင်မှာသာ လူကြီးဆန်ဆန်နေပေမဲ့ အိမ်မှာတော့ အငယ်ဆုံးလေးဖြစ်တာကြောင့် အိမ်ကလူတွေကို ကလေးတစ်ယောက်လို အမြဲဆိုးနေသော ယမင်းသော်ပင်။ အိမ်ကလူတွေကလည်း အခုလိုဆိုးနေတာကိုပင် သဘောကျနေရတာပါပင်။
ခဏကြာတော့အဖေက "သွားမယ်" ပြောတော့
ယမင်းသော်တစ်ယောက်ပါးစပ်ကနားရွက်
တက်ချိတ်မတက်ပြုံးပြီးပြောလိုက်သည်။"ဟုတ်ကဲ့ ဖေ"ဟုပြောကာသားအဖေနှစ်ယောက်သားကျောင်းသို့ထွက်လာခဲ့သည်။
ကျောင်းရောက်တော့သွားရမည့်လူတွေတော်တော်စုံနေပြီ။ ကားပေါ်ကဆင်းဆင်းချင်း အပြင်ကနေချစ်ရသူကိုအရင်ဆုံးရှာမိတာပေါ့။ ဒါပေမဲ့ကျောင်းထဲရှိထိုင်ခုံများတွင်ထိုင်နေကြသောလူများထဲတွင် 'နှင်း'ကိုတော့မတွေ့မိ။ နှင်းနောက်ကျတာနေမှာပေါ့လို့တွေးကာ အဖေ့ကိုဝင်တော့မည်ဖြစ်ကြောင်းပြောပြီး အထဲကိုဝင်လာခဲ့လိုက်သည်။
ESTÁS LEYENDO
နှင်း (1) (Completed)
Novela Juvenil'ရူးရအောင်ချစ်ပေမဲ့မင်းပျော်ရွှင်ဖို့အတွက်..' "ပျော်အောင်နေပေးပါ ချစ်သောရေ.. ငါလက်လွှတ်ပေးရတာနဲ့တန်အောင်.." 1192018-31122019