ep-20

2.5K 163 7
                                    

ZawGyi

ထိုနေ့ညနေက ယမင်းသော်တစ်ယောက်
အိမ်ပြန်လာတော့ ညနေ (၆)နာရီခွဲလောက်ပြီ။
ယမင်းသော်လည်း အိမ်ရောက်ရောက်ချင်း
ခြေလက်ဆေးပြီး ကိုယ့်အိပ်ခန်းကိုသာ တက်လာခဲ့သည်။ အိမ်ကို အစ်မဖြစ်သူလည်းပြန်ရောက်နေပြီးဖြစ်သလို အဖေလည်း ပြန်ရောက်နေပါပြီ။

ခြေလက်ဆေးခဲ့ပေမဲ့အပြင်ကပြန်လာတာကြောင့် နောက်တစ်ခါထပ်ပြီး ရေချိုးလိုက်သည်။ ပေါ့ပေါ့ပါးပါးအဝတ်တစ်ထည်ကိုဝတ်လိုက်ကာ ဖုန်းမှသီချင်းလေးဖွင့်လိုက်သည်။ စာအုပ်စင်မှဖတ်လက်စစာအုပ်ကိုယူလျက် ကုတင်ပေါ်တက်လာခဲ့သည်။ အားလုံးလုပ်စရာပြီးသွားကမှ စဉ်းစားမိသည်က နှင်းကိုပြောလိုက်တာကို သူ(မ)က'ဒီတိုင်း'လို့ဘဲပန်ပြောခဲ့တာကို မှတ်မိလိုက်သည်။ သူ(မ)လက်ခံလား၊ လက်မခံဘူးလားဆိုတာ ယမင်းသော်မသိသေးပေ။

ယမင်းသော် စဉ်းစားနေတုန်း ဖုန်းဝင်လာသဖြင့်ကြည့်လိုက်တော့ နှင်း(with love emoji)

ငါ့စိတ်ကိုသိနေတာများလား။ တကယ်ကို အချိန်ကိုက်ဖုန်းဆက်လာတာဘဲ။

ကိုယ့်သာသာဖုန်းမကိုင်ဘဲပြောဆိုနေသေးသည်။ ပြီးမှ ဖုန်းကိုမြန်မြန်ကိုင်လိုက်သည်။

"အင်း ဘာကိစ္စလဲ နှင်း"

"ဒီတိုင်း ပျင်းလို့။ ဖုန်းဆက်ကြည့်တာ။ နင့်ကိုလည်းသတိရလို့။ ပြီးတော့ ကျေးဇူးလည်းတင်ချင်လို့။ စိတ်ညစ်တာပျောက်သွားတယ်လေ။"

ခုနကမှတွေ့ပြီးပြန်လာတာမဟုတ်ဘူးလား။

"အင်း..ငါလည်း သတိရပါတယ်။ စိတ်ညစ်တာတွေပျောက်သွားတယ်ဆိုတဲ့အတွက်လည်း တော်သေးတာပေါ့။ ဒါနဲ့လေ.."

"အင်း ဒါနဲ့။ ဘာလဲ။"

"ခုနက ငါပြောတဲ့ကိစ္စကို ဘယ်လိုသဘောရလဲ။"

"ဟင်.."

နှင်းဘက်က ခဏတာငြိမ်သက်သွားသည်။ ဘာလို့လဲဆိုတဲ့စကားဟာ ယမင်းသော်ခေါင်းထဲမှာ ဝင်လိုက်၊ ထွက်လိုက်။ ဝင်လိုက်၊ ထွက်လိုက်နှင့်။

"သော် ငါနင့်ကိုဉာဏ်ကောင်းမယ်ထင်တာ။ နင်ကစာတစ်ခုထဲဘဲတော်တာပါလား။"

နှင်း (1) (Completed)Место, где живут истории. Откройте их для себя