ep-8

3.3K 252 13
                                    

ZawGyi

အိမ်ပြန်ရောက်တာနဲ့ မိုးရေစိုနေတာကြောင့် ချက်ချင်းဘဲ ရေမိုးချိုးအဝတ်အစားလဲလိုက်သည်။ ကုတင်ပေါ်မှာခဏလောက်ထိုင်ကာ ကျောင်းကိစ္စကိုအမေ့ကိုပြောရန် စကားများစီနေတော့သည်။ ဘာလို့ဆို ဘယ်တော့မှ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး အပြင်ကိုလွှတ်လေ့မရှိသည့် အမေ့၏အကျင့်ကို ယမင်းသော်သိသဖြင့်ပြင်ဆင်နေခြင်းဖြစ်သည်။ ထို့နောက်အောက်ထပ်သို့
ခပ်မြန်မြန်ဆင်းလာခဲ့ပြီး အမေ့ကိုပြောရန်အားတင်းကာဧည့်ခန်းထဲသို့ဝင်လာလိုက်သည်။

"အမေ သမီးပြောစရာရှိတယ်။"

ယမင်းသော်၏အမေလည်း ယမင်းရဲ့ 'ပြောစရာရှိသည်'ဆိုသောစကားကိုကြားသည်နှင့် လုပ်လက်စအလုပ်များကိုရပ်ကာ ယမင်းသော်ဘက်လှည့်လာလိုက်သည်။

"ဘာများလဲ သမီး။"

အမေ့ရဲ့ပြောစကားကိုကြားလိုက်သည်နှင့် ယမင်းသော်လည်း စီထားသမျှစကားလုံးများသည် ဦးနှောက်ထဲမှအကုန်မေ့ကုန်တော့သည်။ ဒါကြောင့် ဘာမှမစဉ်းစားတော့ဘဲ 'ရပါစေ' ဟုသာဆုတောင်းရင်းပြောလိုက်သည်။

"ဟိုလေ။ ဟို အခုလာမဲ့အမျိုးသမီးများနေ့မှာ ကျောင်းကသွားဖို့အတွက်ဖိတ်ထားတာခံရတယ်လေ။ အဲ့တာ ကျောင်းက ကျောင်းသူတွေသွားရမှာပေါ့။ အဲ့တာသွားရမဲ့အထဲမှသမီးပါလို့။ လိုက်လို့ရမလားမေးကြည့်တာ။"

ယမင်းသော်လည်းပြောပြီးသည်နှင့် အမေမျက်နှာကိုကြည့်လိုက်သည်။

"သမီးလိုက်ချင်ရင်လိုက်ပေါ့။"

"တကယ်လား အမေ။"

ယမင်းသော်အံ့အားသင့်ကာအော်လိုက်မိသည်။ အော်လိုက်တာ ပိုသွားမလားတော့မသိပေမဲ့ တစ်ခါမှဒီလိုမလွှတ်ဘူးသည့်အတွက် ယမင်းသော်တစ်ယောက် အော်လိုက်မိခြင်းဖြစ်သည်။
ဒီလိုလွယ်လွယ်ကူကူရမယ်လို့ယမင်းသော်မထင်ထားသည်မှာအမှန်ပင်ဖြစ်သည်။

"တကယ်ပေါ့။"

"မနောက်နဲ့နော် မေ။"

"ဘာဆိုင်လို့ အမေက နောက်ရမှာလဲ။ ဒါမှမဟုတ် စိတ်ပြန်ပြင်လိုက်ရမလား။"

"ဟီး မပြောင်းပါနဲ့။ ပျော်သွားလို့ပါ။"

ထိုသို့ပျော်နေစဉ်ညဘက်လာကြိုရမယ်ကိုတွေးမိ၍.. "ဒါပေမဲ့ အမေတို့ညဘက်လာကြိုရမှာ။"

နှင်း (1) (Completed)Where stories live. Discover now