ZawGyi
ကျောင်းကိုရောက်လာပြီးပြီးချင်း ကျောင်းရှေ့ရှိ မုန့်ဆိုင်သို့သွားကာ ရေအေးတစ်ဘူးကို အရင်ဝယ်လိုက်လေသည်။ အိမ်မှ အလောတကြီးထွက်လာရ၍ ရေဘူးတောင်မထည့်လိုက်ရသည့်ကိုယ့်ဘဝလေး။ အပြင်ကရေမသောက်တတ်ပေမဲ့ ဒါမှမဝယ်ရင် သောက်စရာမရှိတာကြောင့် ဝယ်လိုက်ရသည်။
ရေဘူးဝယ်ပြီးတော့ ကားပေါ်တွင်သာပြန်ထိုင်နေလိုက်ပြီးယနေ့သင်ရမည့် အချိန်ဇယားတွင်ပါသောစာများကိုသာ ကြည့်နေလိုက်သည်။ စာမေးပွဲဟာ ပြီးသွားတာမကြာသေးပေမဲ့ အခြားစာမေးပွဲတွေဟာ ဖြေရတော့မည်ဖြစ်တာကြောင့်ပင်။
ခဏကြာသည့်အချိန်တွင် ကျောင်းကားဘေးတွင်ရပ်ကာ နှင်းသဇင်မင်းတစ်ယောက် အော်လေတော့သည်။ ပထမကတော့ အေးအေးဆေးဆေးသာ ခေါ်နေပေမဲ့ ယမင်းသော်ဟာစာကြည့်ရင်းသာနေနေတာကြောင့် အော်လိုက်တာပါ။
"သော်။ သော်။ ယမင်းသော်။ မဆင်းလာသေးဘူးလား။ အကုန်ရောက်နေပြီ။ ကျောင်းပေါက်ဝမှာစောင့်နေတယ်။ငါသွားခေါ်ပေးမယ်ဆိုပြီးစောင့်ခိုင်းထားတာ။ ကြာလှပြီ။"
စာထဲတွင်သာစိတ်ပါနေ၍ မိမိ၏ကျောင်းကားဘေးတွင် မိမိအားခေါ်နေသောနှင်းသဇင်မင်း၏ အသံကိုပင်မကြားနိုင်ဖြစ်သွားလေသည်။
"အာ နှင်း။ ရောက်လာပြီလား။ စောလိုက်တာ။"
လက်ကနာရီကိုကြည့်လိုက်တော့ လာနေကြအချိန်ထပ်စောနေတာကြောင့်ပြောလိုက်ပေမဲ့ ပြန်ရစ်လာသော နှင်းသဇင်မင်းပင်။ နှင်းဟာ ယမင်းသော်ကို စရတာကော၊ ရစ်ရတာပါ သဘောကျပုံပါဘဲ။
"ဘာလဲ။ လာလို့မရဘူးလား။ ငါကစောစောမလာရဘူးပေါ့။ ရတယ်လေ။ နောက်နေ့စောစောမလာတော့ဘူး။"
နှင်းဟာထိုသို့ပြောကာ တစ်ဖက်လှည့်သွားသည်။ ပြောပြီးပြီးချင်း ရယ်ချင်စိတ်မထိန်းနိုင်တာကြောင့် ယမင်းသော်မမြင်အောင် တစ်ဖက်လှည့်လိုက်တာပါ။
"နှင်း။ နှင်း ကလည်း။ ငါကအဲ့လိုအဓိပ်ပါယျနဲ့ပြောလိုက်တာမှမဟုတ်တာ။ အရင်ကစောစောမလားဘူးလို့မေးကြည့်တာပါ။ စိတ်မဆိုးနဲ့နော်။"
BINABASA MO ANG
နှင်း (1) (Completed)
Teen Fiction'ရူးရအောင်ချစ်ပေမဲ့မင်းပျော်ရွှင်ဖို့အတွက်..' "ပျော်အောင်နေပေးပါ ချစ်သောရေ.. ငါလက်လွှတ်ပေးရတာနဲ့တန်အောင်.." 1192018-31122019