ZawGyi
တနင်္လာနေ့နံနက်တွင်တော့ ယမင်းသော်
တစ်ယောက် စောစီးစွာ ထလာခဲ့သည်။ ပုံမှန်အချိန်တွေထက် စောထခဲ့တာပေါ့။ ထလာရသည့်အကြောင်းမှာတော့ စာကျက်ရန်သာဖြစ်သည်။ အရင်နေ့တွေက နေမကောင်းလို့ စာမကျက်နိုင်ဖြစ်ခဲ့တာကြောင့်ပင်။ပထမလပတ်စာမေးပွဲ စစ်တော့မည်ဖြစ်သဖြင့်ကျောင်းရှိဆရာ,ဆရာမများအားလုံး မိမိတို့အတန်းမှကျောင်းသားကျောင်းသူများအား စာရပြီလားဟုနေ့တိုင်းမေးနေတော့သည်။ ယမင်းသော်တို့အတန်းဟာလည်း အပါအဝင်ပေါ့။
ယနေ့လည်းဆရာမတွေက စာမေးမည်ဟုပြောလိုက်သောကြောင့် ယမင်းသော်တစ်ယောက် စာကျက်ရန်ထလာခြင်းဖြစ်သည်။ မေးမည့်စာများကိုညဘက်ကလည်း ထကျက်ထားပေမဲ့ မိမိရဲ့ ဦးနှောက်ဟာ သူများတွေနဲ့ မတူ၍လားတော့မသိ။ ညကျက် မနက်မေ့ဖြစ်နေသည်။
ထို့နောက် အိပ်ယာမှထပြီး ရေချိုးခန်းသို့သွားကာ မျက်နှာကိုသစ်ချင်မသစ်ချင်ဖြင့်သစ်လိုက်ပြီးအောက်ထပ်သို့သာဆင်းလာခဲ့သည်။ ထို့နောက် မီးဖိုချောင်ထဲရှိ ထမင်းစားပွဲပေါ်တွင် ထိုင်ကာ မနက်စာစားရန် စောင့်နေတော့သည်။ မနက်စာကို အစ်မနဲ့အတူ စကားပြောရင်းနဲ့ အတူတူစားလိုက်သည်။
မနက်စာစားပြီးသည်နှင့် အစ်မကလည်း သူ့ကျောင်စကိုထွက်သွားပြီး ယမင်းသော်ကတော့ ဧည့်ခန်းထဲသွားကာ စာကျက်ရန်နေရာရှာလိုက်သည်။ တီဗီရှေ့မှာနေလျှင် စာမရဘဲ ကြည့်နေသောဇာတ်လမ်းတွေသာပေါ်လာမည်ကိုစိုးသောကြောင့် တီဗီနဲ့ဝေးရာကို ရှာနေခြင်းပင်။ နေရာရှာတွေ့သည်နှင့် ကျက်ရမည့်စာအုပ်များကိုယူ၍သာ စာကျက်နေလိုက်သည်။
ကျက်စရာစာများကုန်သွားတော့ စာအုပ်များကိုဘေးချပြီး နရံရှိနာရီကို ကြည့်လိုက်တော့(၁၀)နာရီခွဲသွားပြီ။
"အမေ့! ဆယ်နာရီတောင်ခွဲပြီ။ ဘယ်သူမှလည်း သတိမပေးကြဘူး။ မြန်မြန်လုပ်မှ။ မဟုတ်ရင်ကျောင်းနောက်ကျတော့မယ်။"
သတိမပေးကြဘူးလို့တွေးနေပေမဲ့ အမေဖြစ်သူရဲ့ မီးဖိုချောင်မှအော်သံဟာ ဧည့်ခန်းတခွင် ပျံ့လွင့်လာသည်။
DU LIEST GERADE
နှင်း (1) (Completed)
Jugendliteratur'ရူးရအောင်ချစ်ပေမဲ့မင်းပျော်ရွှင်ဖို့အတွက်..' "ပျော်အောင်နေပေးပါ ချစ်သောရေ.. ငါလက်လွှတ်ပေးရတာနဲ့တန်အောင်.." 1192018-31122019