ZawGyi
ယမင်းသော်တစ်ယောက် စွန့်စားကာပြောပြီးသည်နှင့် အချိန်ဟာခဏတာတိတ်ဆိတ်သွားသည်။ အခုအချိန်ကို ယမင်းသော် အတော်လေးကြောက်နေမိသည်။ နှင်းသဇင်မင်း သူ(မ)ကို ဘယ်လိုများတုံ့ပြန်မလဲဆိုတာ သူ(မ)မတွေးမိပါ။ မတွေးမိတာထက် မတွေးတာဆိုပိုမှန်မလား။ အခုချိန်မှာတော့ နှင်းသဇင်မင်းစီကသာအဖြေကိုစောင့်နေမိသည်။
နှင်းရဲ့ပုံစံကိုကြည့်ရတာဟာ မထင်မှတ်ထားတဲ့အရာတစ်ခုကိုကြားလိုက်ရသလိုပါဘဲ။ အချိန်အတော်ကြာသည်အထိ ဘာမှမပြောဘဲ ပတ်ဝန်းကျင်ကိုသာ ကြည့်နေမိသည်။
အချိန်ခဏလောက်ကြာမှ.. "ဒါဆို နင်ပြောတဲ့အဲ့တစ်ယောက်ဆိုတာ ငါလား။ တကယ်ကြီးလား။"
နှင်းသဇင်မင်းမှာ တအံ့တဩဖြင့် သော့်ကိုပြန်ပြောလာသည်။ ပြီးတော့ သူ(မ)မျက်နှာဟာ တွေ့နေကြအချိန်တွေထပ်စာရင် တော်တော်လေးပြုံးနေသည်။ နှင်းရဲ့အခုလိုပြုံးနေတဲ့ပုံကို ယမင်းသော်အခုမှမြင်ဖူးသည်။
နှင်းသဇင်မင်း သူ(မ)ပြောလိုက်တာကို အခုလိုတုံ့ပြန်မယ်လို့ယမင်းသော် လုံးဝမထင်ထားပါ။ သူ(မ)ထင်ထားတာက အော်ပြီးတော့များ သူ(မ)ကို စိတ်ဆိုးသွားမယ်လို့စိတ်ကထင်နေမိတာပင်။ မဟုတ်ရင် ဘာမှပြန်မပြောဘဲ ထပြီးဆိုင်ထဲကထွက်သွားမယ်ဘဲထင်ခဲ့တာ။
ဖွင့်ပြောလိုက်ကတည်းက ယမင်းသော်တွေးနေသည်ဟာ သူ(မ)သိသွားရင် တော်ပြီဆိုတဲ့စိတ်ကလေးတာတစ်ခုသာရှိသည်။ မျှော်လင့်ချက်ဆိုတာကို စိတ်ထဲက အပြီးအပိုင်ထုတ်ခဲ့သည်။
"နှင်း နင်ဘာမှမဖြစ်ဘူးလား။ ဟိုလေ စိတ်ဆိုးတာတို့။ ဘာတို့ပေါ့။"
"အင်း မဖြစ်ပါဘူး။ ဘာလို့အဲ့လိုဖြစ်ရမှာလဲ။" ထိုစကားကိုလည်း ပြုံးပြုံးလေးသာ ပြောလာသော နှင်းသဇင်မင်း။
"ပျော်စရာကိစ္စတစ်ခုဘဲကို။"ဆိုတဲ့စကားသံကိုတော့ နှင်းဟာတိုးတိုးလေးသာပြောလိုက်တာကြောင့် ယမင်းသော်တော့ထိုအသံကိုမကြားလိုက်ပေ။
ပြန်ဖြေသံကိုကြားပြီးချိန် ယမင်းသော်ခဏလောက်ငြိမ်သွားသည်။ သူ(မ)တွေးနေတာ ငါအိပ်မက်မက်နေတာလားဆိုပြီးတော့ပေါ့။ ပြီးမှ.. "ဒါဆို နှင်း။ ငါပြောတာကို စဉ်းစားပေးမလား။"
![](https://img.wattpad.com/cover/161247440-288-k725463.jpg)
YOU ARE READING
နှင်း (1) (Completed)
Teen Fiction'ရူးရအောင်ချစ်ပေမဲ့မင်းပျော်ရွှင်ဖို့အတွက်..' "ပျော်အောင်နေပေးပါ ချစ်သောရေ.. ငါလက်လွှတ်ပေးရတာနဲ့တန်အောင်.." 1192018-31122019