ep-14

2.8K 174 0
                                    

ZawGyi

ကျောင်းထဲရောက်တော့ အငယ်တန်းတွေ
မလွှတ်သေးတာကြောင့် အဆောင်ရှေ့ရှိသစ်ပင်ရိပ်အောက်တွင်ရပ်ကာစောင့်နေလေတော့သည်။

ရပ်စောင့်နေတုန်း နှင်းသဇင်မင်းဆီပြောသံကြားလိုက်သည်။

ဟဲ့ စာတွေအားလုံးမေးမယ်ဆို။

ဒီနေ့မှာကံကောင်းချင်တော့ ယမင်းသော်တို့က ရှေ့ဆုံးမှာပင်။

ဟာ ရူးချင်တာဘဲ။

အရင်ကတည်းကစာမေးရင် ကိုယ့်စီသာလာမေးနေကြဆရာမတွေကြောင့် ယမင်းသော် ကိုယ့်ဘာသာစဉ်းစားရင်း မျက်နှာမှာ ရှုံ့မဲ့နေတော့သည်။

"ဘာတွေ ဒီလောက်တောင်ဖြစ်နေလို့ နင့်မျက်နှာကဒီလောက်တောင် မကောင်းဖြစ်နေတာလဲ။"

ပုံစံမျိုးစုံပြောင်းနေသော ယမင်းသော်ကြောင့်
ဘေးနာက မြတ်နိုးအောင် ကလာမေးလေသည်။
ကျောင်းရှေ့မှာကတည်းက စာမရသေးကြောင်းပြောထားပေမဲ့ မေ့သွားပုံရသည်။

"စာမရသေးလို့ဆိုပြီး အပြင်မှာပြောထားတယ်လေ မြတ်နိုးအောင်ရယ်။"

"အာ ဟုတ်သား။ ဟီး မေ့သွားလို့ပါ။ ပြန်ပြောတော့ ဘာဖြစ်မှာမလို့လဲ။"

"ထားပါ။ စာကိုလေ ငါညကတည်းကကျက်နေတာ။ မနက်ရောက်တော့လည်း စောစောထပြီးကျက်တာဘဲ။ ငါ့ဦးနှောက်ကလေ မဟုတ်မှ သဇင်မေနဲ့မတူလို့လား။"

အဖွဲ့ထဲတွင် စာအတော်ဆုံးဖြစ်သော သဇင်မေကို ယမင်းသော်တစ်ယောက် အားကျနေသည်။

"ပြီးတော့ ဒီနေ့ငါတို့က ရှေ့ဆုံးတန်းမှာထိုင်ရမှာ။"

"အေး သဇင်မေက ငါတို့နဲ့မတူတာ။ ဟုတ်ပြီလား။ အဲ့လိုပြောပေမဲ့ ငါလည်းမရသေးဘူး။ နင့်လိုကျက်တာဘဲ။ ဒါပေမဲ့စိတ်ချ။ ဆရာမ ငါတို့ကို စာမမေးဘူး။ ငါ့ရဲ့ six sense အရသိတယ်။"

six sense တွေဘာတွေနဲ့ သေချာသည်ဟူသော ပုံစံဖြင့်ပြောလိုက်သော မြတ်နိုးအောင်။ အတိအကျသိနေတတ်သည့် မြတ်နိုးအောင်၏စကားကိုတော့တစ်နေ့လောက်ယုံလိုက်ဖို့ ယမင်းသော်ဆုံးဖြတ်လိုက်သည်။ နောက်ကိစ္စနောက်မှပေါ့။

နှင်း (1) (Completed)Tempat cerita menjadi hidup. Temukan sekarang