ZawGyi
ဘာလိုလိုနဲ့ဘဲ ယမင်းသော်တို့လည်းနောက်ဆုံးရှစ်တန်းစာမေးပွဲကြီးဖြေဆိုရန်အချိန်သို့ရောက်လာခဲ့လေပြီ။ အချိန်တွေဟာ တဖြည်းဖြည်းနဲ့ အတော်လေးကို အကုန်မြန်လှသည်။ ကြားထဲမှာ အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပေမဲ့ ယမင်းသော်တို့ကတော့ အရင်ကအတိုင်း နှစ်အတူရှိနေဆဲပါဘဲ။
နှင်းသဇင်မင်းနှင့်ယမင်းသော်လည်း အခုချိန်ထိအရင်ကလို ယမင်းသော်၏အိမ်တွင်စာအတူတူလုပ်နေတုန်း။ နှစ်ယောက်အတူမုန့်ထွက်စားတုန်း။ နှစ်ယောက်အတူ ညနေပိုင်းလေးတွေမှာ စကားလေးတွေပြောရင်း လမ်းလျှောက်တုန်းပါဘဲ။ နှစ်ယောက်သားစာလုပ်ချိန်တွင်တော့
စလိုက်,စိတ်ကောက်လိုက်,ပြန်ချော့လိုက်နှင့်ပေါ့။ထိုသို့ယမင်းသော်နှင့် နှင်းသဇင်မင်းရဲ့ဆက်ဆံရေးကတော့ ကောင်းနေပေမဲ့ တစ်ခါတစ်လေ နှင်းသဇင်မင်းသည်သူမကိုအလွန်လျှို့ဝှက်လွန်းသည်..နှစ်ယောက်လုံးဟာ ကိုယ်ပိုင်ဘဝရှိကြပေမဲ့ အရမ်းလျှို့ဝှက်လွန်းတာတော့မကောင်းလှပါ။
ယမင်းသော်ကတော့သူမ၏အကြောင်းစုံကို.နှင်းသဇင်မင်းအားစတွဲသည့်အချိန်ကတည်းကပြောပြထားလေသည်။ အကြောင်းစုံဆိုတာကတော့ မိသားစုကိစ္စတို့,ကိုယ့်ရဲ့အိပ်မက်တို့ပေါ့။ ကျန်တာကတော့ နှင်းသဇင်မင်းမေးရင် ဖြေလိုက်တာပါဘဲ။ ဒါပေမဲ့နှင်းသဇင်မင်းကတော့အဲ့လိုမဟုတ်။ ဝါသနာတွေကိုသိပ်ပြီးမေးလို့မရပေ။.မခင်,ခင်ကတည်းက တစ်ယောက်တည်းနေတတ်တာသိပေမဲ့ အခုတော့ပြောပြမယ်ထင်ထားတာ။ မိသားစုကိစ္စဆိုပိုဆိုးပေါ့။ တွဲတာဘဲငါးလလောက်ရှိတော့မယ်။ ယမင်းသော်မေးရင်လည်းဘယ်တော့မှမဖြေ။ စကားလမ်းကြောင်းလွှဲပြီးပြောလေ့ရှိသည်။ ဒီကြားထဲမှာ မိသားစုကိစ္စဖြစ်ထားတယ်ဆိုတာကြားတာကြောင့် မေးကြည့်ခဲ့ပေမဲ့လည်း အဖြေမရခဲ့။
ဒါပေမဲ့ ယမင်းသော်အား နှင်းသဇင်မင်းကို ယုံလားလို့မေးရင်တော့သူ(မ) ယုံတယ် လို့ဘဲပြန်ဖြေဖြစ်မှာ။ တစ်ခါတလေတော့ သံသယတွေရှိပေမဲ့ ယုံတယ်။ ဘာလို့ဆိုသူမကိုချစ်လို့။ အရာအားလုံးဟာ သူ(မ)ကိုချစ်တာကြောင့်။
![](https://img.wattpad.com/cover/161247440-288-k725463.jpg)
ESTÁS LEYENDO
နှင်း (1) (Completed)
Novela Juvenil'ရူးရအောင်ချစ်ပေမဲ့မင်းပျော်ရွှင်ဖို့အတွက်..' "ပျော်အောင်နေပေးပါ ချစ်သောရေ.. ငါလက်လွှတ်ပေးရတာနဲ့တန်အောင်.." 1192018-31122019