ep-7

3.5K 245 2
                                    

ZawGyi

နောက်တစ်နေ့မနက်ရောက်တော့ ယမင်းသော်တစ်ယောက် စောစောစီးစီးနှိုးလာခဲ့သည်။ စိတ်ထဲတွင်လည်း မနေ့ကနှင်းကိစ္စကိုတွေးလိုက်ရင်း
ဝမ်းနည်းလာတာနဲ့ သိပ်လည်းအိပ်မပျော်ဖြစ်ခဲ့ပေ။ အခုလည်း စောစောနိုးလာပြီး အအိပ်ဆက်တဲ့အကျင့်ကြောင့် ထပ်လည်းမအိပ်ချင်တော့သဖြင့် စောစောသာထလိုက်သည်။

ယမင်းသော်တစ်ယောက် မျက်နှာသစ်ပြီးတော့ အဝတ်အစားလဲလိုက်သည်။ ပြီးတော့ စာရေးစားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ မနက် ၆နာရီ။

တော်တော်စောသေးတာဘဲ။

လေသာဆောင်ကိုထွက်ကာ လင်းစပြုလာသည့်ကောင်းကင်ကိုကြည့်ရင်း တစ်ယောက်တည်းပြောလိုက်သည်။

သူ(မ)ကိုများဖွင့်ပြောလိုက်ရင်ကောင်းမလား။

ကောင်လေးရသွားပေမဲ့မိမိရဲ့ခံစားချက်တွေကိုလည်း သူ(မ)အား သိစေချင်မိသည်။ ဖွင့်ပြောလိုက်ကာမှ သူငယ်ချင်းသံယောဇဉ်လေးများများပြတ်သွားမလား။

ပြသခွင့်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာ တကယ်ကို သနားစရာကောင်းလွန်းတယ်။

ဟူး..တော်ပါပြီ။သူမသိလည်းငါ့ဘာသာဆက်ချစ်နေမှာပေါ့။မတွေးနဲ့တော့ယမင်းသော်။ ယမင်းသော်ကိုယ့်ဘာသာနှစ်သိမ့်ကာအောက်ထပ်ဆင်းလာခဲ့တယ်။

အောက်ထပ်ရောက်တော့ ထုံးစံအတိုင်း ထမင်းစားခန်းကို ဦးစွာဝင်လိုက်သည်။ ဝင်ဝင်ခြင်းမှာတော့ အမေဖြစ်သူရဲ့ မျက်လုံးစိမ်းနဲ့ကြည့်ခြင်းကို ယမင်းသော်ခံလိုက်ရသည်။

နေပါဦး။ စောစောထတာသိပ်များအံသြစရာကောင်းနေသလားမသိဘူး။

ထို့နောက် အလုပ်လုပ်နေတာကိုရပ်ကာ ယမင်းသော်ရှေ့လာရပ်သောအမေဖြစ်သူစီမှ စကားသံထွက်လာခဲ့သည်။

"ဟဲ့ ယမင်းသော်။ သမီးနေမကောင်းဘူးလား။"

ပါးစပ်လည်းပြောရင်း။ ထို့ပြင်လက်ကလည်းနဖူးကိုစမ်းနေသေးတယ်။ တကယ်ကို အံ့ဩစရာကိစ္စတစ်ခုဖြစ်ပုံပါဘဲ

"ငါ့သမီး ကိုယ်လည်းမပူပါဘူး။ နေလည်းကောင်းပါတယ်။ နင့်အစ်မနိုးလာမီ ပြောရမယ်။ ထီထိုးရမယ်လို့။ မပြောနိုင်ဘူးလေ။ ငါ့သမီးကြောင့် ထီတွေဘာတွေပေါက်နေရင် ဘယ်လိုလုပ်မလဲ။"

နှင်း (1) (Completed)Donde viven las historias. Descúbrelo ahora