ep-19

2.4K 169 5
                                    

ZawGyi

ယမင်းသော်လည်း မနေ့ညက ကိစ္စကိုသတိရသွားတာကြောင့် အမေ့ကိုပြောပြရန်လိုက်ရှာမိတော့သည်။ သူငယ်ချင်းတွေကို လာခဲ့ဖို့သာပြောခဲ့ပေမဲ့ အမေ့ကိုတော့သတိမပေးရသေးပေ။

ယမင်းသော်လည်း အမေဖြစ်သူကိုရှာတာနေရာတောင်မစုံသေးပေမဲ့ လူကမောနေတာကြောင့် ဧည့်ခန်းထဲမှနေကာ အမေ့ကို အော်ခေါ်လေတော့သည်။ အခုတလော အိပ်ခန်းထဲမှာဘဲနေနေတော့ ခံနိုင်ရည်ဟာ zero percent ကိုကျဆင်းသွားတာနေမည်။

"အမေ.. မေ။ ဘယ်မှာလဲ။"

ယမင်းသော်၏ ဧည့်ခန်းမှအော်ခေါ်သံကိုကြားသော အမေဖြစ်သူသည် ဟင်းချက်နေသည်ကိုရပ်လိုက်သည်။ ခဏကြာတော့ မီးဖိုချောင်ထဲမှာ အမေ့အသံထွက်လာလေသည်။

"သမီးရေ။ မေ မီးဖိုချောင်မှာ။"

အာ ဟုတ်သားဘဲ။ မီးဖိုချောင်ဘက် မရောက်သေးဘူးဘဲ။

ယမင်းသော် အော်လိုက်သည့်အသံကိုကြားသည်နှင့် အသံရှိရာ မီးဖိုချောင်ဘက်ကိုအပြေးသွားလိုက်သည်။

"အမေ"

"ဘာလဲ သမီး။ အမေ့ကို ဘာပြောမလို့လဲ။"

"အာ အခုမှသတ်ရလာလို့။ ဒီနေ့သမီးသူငယ်ချင်းတွေ အိမ်ကိုလာမယ်ဆိုတာ။ အဲ့ဒါ အမေ့ကိုလာပြောပြတာ။ မနက်က ပြောမယ်ဆိုပြီး မေ့သွားလို့။"

"ဟုတ်လား..အတော်ဘဲ။ အမေလည်း ဒီနေ့အိမ်မှာ မုန့်လုပ်စားမလို့။ သမီးသူငယ်ချင်းတွေကိုလည်း ကျွေးရအောင် အမေလုပ်ထားလိုက်မယ်။"

"ဟီး..ဟုတ်။ ဒါဆိုသမီးကော ဘာကူညီပေးရအုံးမလဲ။"

"ရပါတယ် ငါ့သမီးရယ်။ ဒါနဲ့ သမီးသူငယ်ချင်းတွေက ဘယ်တော့လောက်ရောက်လာကြမှာလဲ။"

"အင်း။ ခေါ်ထားတာကတော့ ညနေဘဲ။ (၄)နာရီလောက်ဆို ရောက်လာမယ်ထင်တယ်။"

"ဟုတ်ပါပြီ။ အခုဘဲ (၃)နာရီခွဲနေပြီ။ သွား ရေသွားချိုးထားလေ။"

"ဟီး..ဟုတ်။ ဒါဆို ရေသွားချိုးလိုက်တော့မယ်နော်။"

ထိုသို့ပြောကာ ယမင်းသော်တစ်ယောက် အပေါ်ထပ်သို့ ခပ်မြန်မြန်တက်သွားလိုက်သည်။

နှင်း (1) (Completed)Tempat cerita menjadi hidup. Temukan sekarang