ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 6 ပထမတွဲ (ပိုးအိမ်ကို ခွဲထွက်၍ လိပ်ပြာ ဖြစ်လာခြင်း)
Chapter 1 ( ရေအောက်နန်းတော်က နန်းဆောင် လေးခု)
အင်မတန်မှ ခန်းညားကြီးမားလှတဲ့ နန်းတော် ခန်းမကြီးဟာ အချိန် မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့တာတောင်မှ မပြောင်းမလဲ တည်ရှိနေပါသေးတယ်။ အင်မတန်မှ ကြီးမားလှတဲ့ ဝတ်ပြုထိုင်ဖုံကြီးတွေ က အခန်းထဲမှာ ပုံမပျက် စနစ်တကျ နေရာချထားပါတယ်။ ကျွဲအိုကြီးက ရုတ်တရက် ပေါ်လာတဲ့ နင်ကို ကြည့်ပါတယ်။
"ခန်းမကြီးပဲ"
နင်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။
"ဂုဏ်ယူပါတယ်။ နှစ်နည်းနည်းပဲ ကြာသေးပေမဲ့ မင်းဇီဖူဖြစ်သွားပြီပဲ။ ငါ ခန့်မှန်းတာထက်တောင် အများကြီး မြန်သေးတယ်။"
နင်က တော့နှင်းနဂါးတောင် ကိစ္စ ကို စိတ်ပူနေလို့ မပျော်ရွှင်နိုင်ပါဘူး။
"ကျွန်တော် ကံကောင်းခဲ့လို့ပါ။"
"မင်းပထမ စမ်းသပ်မှု ၃ခုကို ကျော်ဖြတ်ခဲ့နိုင်ခဲ့တာဟာ ကံကောင်းတာ တခုတည်းကြောင့် မဟုတ်ပါဘူး။"
ကျွဲအိုကြီးက သက်ပြင်းချလိုက်ပါတယ်။
"မင်း အခုလည်ဆွဲကို ချည်နှောင် ပေါင်းစည်းထားနိုင်သွားပြီ မို့လို့ ဒီနန်းတော်ရဲ့ အရေးကြီးတဲ့ နေရာတွေကို မင်းသွားခွင့်ရသွားပြီလေ။ မင်းရဲ့ အစွမ်းတွေ အခုအချိန်ကပြီး အဆများစွာ တိုးတက်လာတော့မှာ။ ဂျိနင် မင်းဟာ တော်ဝင်ရှ အင်ပါယာရဲ့ လျှမ်းလျှမ်းတောက်ကျော်ကြားမဲ့ တန်ခိုးရှင် တစ်ယောက် ဖြစ်လာမယ်လို့ ငါ မြင်နေမိတယ်။"
နင် ဆွံ့အသွားပါတယ်။ ရတနာရဲ့ ၀ိဉာဉ်က ဒီလို ဖားပြီး ပြောတတ်မယ်လို့ သူမထင်မိပါဘူး။
"ငါ လိမ်ပြောနေတာ မဟုတ်ဘူးနော်။ အင်မော်တယ် ဂျူဟွာ တပည့်လက်ခံမယ် ကြေညာတုန်းက တော်ဝင်ရှ အင်ပါယာ တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်သွားခဲ့တယ်။ သူတို့သာ အင်မော်တယ် ဂျူဟွာက တတိယ နန်းတော်ရှင် ဆိုတာကို သိသွားရင် ကမ္ဘာတစ်ခုလုံး မုန်တိုင်းထန်သွားမှာ သေချာတယ်။"
VOCÊ ESTÁ LENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasiaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ဝါဒကို အခြေခံထားတဲ့ သိုင်း ဝတ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိ...
