ပိုင်ရှင်ရှီတဲ့ကိုကို
Part 14
ကိုကိုမေးတဲ့အမေးကို ကျွန်တော် ပြန်ဖြေရန်
ခက်နေသည်။ ကိုကိုကကျွန်တော် ရင်ခွင်မှာမှီနေရင်းကနေ ခေါင်းထောင်လိုက်ပြီး ထဖို့ပြင်နေသည်။" ဘာလုပ်တာလဲ ကိုကို လှုပ်လို့မရပဲနဲ့ ''
" အဲ့ဒါ မင်းအပူ ပါလို့လား ''
ကိုကို စိတ်ဆိုးသွားတာလား စိတ်ခုသွားတာလား
" ကျွန်တော်အပူပဲလေ ကိုကို တခုခုဖြစ်ရင် ကျွန်တော် ရင်ထဲမှာ ပူလောင်နေမှာလေ ''
" ဟန်ဆောင်မနေပါနဲ့ နေမကောင်းတဲ့သူကို စောင့်အိပ်ရမှာ မလုပ်ချင်ဘူးမဟုတ်လား ငါကို စောင့်အိပ်ရင် ငါဂျီကျမှာဆိုးလို့ပင်ပန်းတယ်မဟုတ်လား
မင်းက မကောင်းတဲ့ ညီလေးပဲ ''ရန်စွာနေတာ အသံကျယ်လိုက်တာ နေမကောင်းတဲ့လူလို့ထင်မှတ်စရာမရှီလောက်အောင် စွာနေတဲ့ ကိုကို ပါးလေးကို လိမ်ဆွဲလိုက်သည်။
" အား! ဘာလုပ်တာလဲ ''
" အူယားလာလို့ စွာလိုက်တာ ကိုကိုရယ် ညီက
အိပ်လို့မဖြစ်ဖူးဆိုတာ ပါပါးနဲ့မေမေက ကိုကိုနားမှာ စောင့်အိပ်မှာလေ ကိုကို ကုတင်က ဘယ်လောက်ကျယ်လို့လဲ ညီလေးအတွက်နေရာတောင် မရှီပဲနဲ့ ''" ညီပဲစောင့်အိပ်ပေး ပါးတို့ကို မစောင့်ခိုင်းတော့ဘူး ''
" ဘာလိုလဲ ကိုကိုကနေမကောင်းတဲ့အချိန်တိုင်း
ပါပါးနဲ့မေမေအနားမှ ရှီမှ နေတက်တာလေ ''" ကိုကို ကြောက်သွားလို့ပါ ကားမှောက်တဲ့နေ့က ကိုကို မရှီတော့မှာ ကြောက်တာထက် ညီကို မတွေ့ရတော့မှာ ပိုကြောက်သွားတယ် တကယ်ဆို ကိုကို စာအုပ်ကိုမလုသင့်ဘူး''
အဲ့ဒီနေ့ကို Kongမေ့ထားတာဖြစ်သည်။
အဲ့ဒီနေ့ အဲ့လိုအဖြစ်ဆိုးက သူကြောင့်သာ
မဟုတ်ရင် ဖြစ်လာမှာမဟုတ်ပေ။" ကိုကိုရယ် ကိုကိုအမှားမဟုတ်ပါဘူး ညီမှားတာပါ ပြီးတော့ ညီက ပွန်းပဲယုံတင်ဖြစ်သွားတာ ညီအမှားကြောင့် ကိုကိုကအသက်တောင် ဆုံးရှုံးရတော့မလို့ ''
" နှစ်ယောက်လုံးအမှားမို့လို ထပ်မပြောတော့ဘူး ကိုကို နားချင်နေပြီညီ အိပ်ရာပေါ် ပို့ပေးတော့ ''
" ညီ ကိုကိုနဲ့ အတူအိပ်မယ်နော် ကိုကိုကညီကို ချစ်လို့ ညီ အရမ်းပျော်တယ် ကိုကို ဆိုးချင်သလိုဆိုး ဂျီကျချင်သလိုကျ ညီအားလုံး သည်းခံနိုင်တယ် ''
ကိုကိုပြုံးသွားသည်။ ကိုကိုရယ် ညီ အရမ်းချစ်လိုက်တာ ညီကို မတွေ့ရတော့မှာ ပိုကြောက်ခဲ့တာတဲ့လား မေမေပြောတာ မှန်တယ် ကိုကိုက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့အရမ်းချစ်တဲ့သူပဲ
မေမေလုပ်ရက်က မှန်တယ်လို့ပဲ ညီထောက်ခံချင်တယ် ကိုကို့ကို ဆုံးရှုံးမခံနိုင်တာ အမှားမဟုတ်ဘူး ချစ်လို့ အရမ်းချစ်လို့ပါ ကိုကိုရယ်