Part 23

1.8K 116 1
                                    

ပိုင်ရှင်ရှီတဲ့ကိုကို Part 23

   မနက်လည်းရောက်တော့ ကိုကိုဖျားလို့ ဆရာဝန်ကို ခေါ်လိုက်ရသည်။ ဆရာဝန်ပြောတာကတော့ ကိုကို စိတ်ဆင်းရဲနေလို့ နှလုံးကမခံနိုင်တာလို့ပြောသည် ကိုကို ဘာကို စိတ်ဆင်းရဲနေလဲ ပါပါးနဲ့မာမားအတွက် စဉ်းစားစရာဖြစ်လာသည်။  ကိုကိုက အိပ်ပဲအိပ်နေသည် နေမကောင်းလို့ဆိုပြီး ပါပါးတို့အပေါ် ဂျီမကျတော့ပေ အခုလည်း ခြံထဲက ဒန်းပေါ်မှာထိုင်နေပြီး တနေ့ရာသို့  ငေးငိုင်နေသည်။ စကားလည်း သိပ်မပြောတော့ပေ သာယာစိုပြေနေတဲ့ ကျွန်တော်တို့ အိမ်လေးမှာ ရယ်မောသံတွေ ပျောက်ဆုံးနေသည်။ ခါတိုင်းနေမကောင်းရင်တောင် ကိုကိုက အလုပ်ကို စိတ်ဝင်စားသေးတယ်။ အခုတော့ အလုပ်အကြောင်းမဆွေးနွေး Namtarnကိုလည်း အိမ်မလာခိုင်းတော့ပေ Namtarn လာရင် ကျွန်တော်မကြိုက်ခဲ့ပေမဲ့  အခုတော့ လာစေချင်တယ် ဘယ်သူနဲ့ပဲဖြစ်ဖြစ်
ကိုကိုရယ်မောနေတာကို ထပ်မြင်ချင်သေးတယ်

" ကိုကို ညနေအပြင်ထွက်ပြီး တခုခုစားရအောင် "

" မစားချင်ဘူး ကိုကိုမှနေမကောင်းတာ အပြင်မထွက်ချင်ဘူး "

" ကိုကိုနေမကောင်းတာက စိတ်နဲ့ဆိုင်တယ် ကိုကိုဘာကြောင့် စိတ်ညစ်နေလဲ စိတ်ဆင်းရဲနေလဲ "

" စိတ်မညစ်ပါဘူး Kong "

" မလိမ်ပါနဲ့ ကိုကို တခုခုဖြစ်နေတယ်မဟုတ်လား  ဘာဖြစ်တာလဲ ဒီလိုကြီးနေနေတာ ပါပါးနဲ့မာမား ဘယ်လောက်စိတ်ညစ်နေလဲ ပြီးတော့ ကျွန်တော်လည်းစိတ်ညစ်တယ် "

" ကိုကိုက  Kongတို့ စိတ်မညစ်အောင်ဘယ်လိုနေပေးရမလဲ "

" ကိုကို ! "

   ကျွန်တော်ကိုကို့ကို အော်လိုက်မိသည်။
ကိုကိုဘာဖြစ်တာလဲ

" ဘာလို့ သားကြီးကို အော်နေတာလဲ သားငယ် "

မားဝင်လာပြီးပြောတော့ကိုကိုက

" ညီအမှားမဟုတ်ပါဘူးမာမား
ကျွန်တော်မှားတာပါ "

" အဲ့ဒါပဲကြည့်မာမား
ကိုကိုဘယ်တုန်းက
ဒီလို တောင်းပန်ဖူးလို့လဲ  "

" ဟုတ်တယ် သားကြီး အခါတိုင်းလို့ မဟုတ်ဘူး ဘာဖြစ်လို့လဲ ဘာလိုချင်လို့လဲ  တစ်ခုခုလိုချင်တာရှီလို့ မားတို့ကိုစကားမပြောတာမဟုတ်လား သားကြီးစိတ်ကောက်နေတာလား "

"ကျွန်တော် စိတ်မကောက်ပါဘူး
ပါပါးနဲ့မာမားကို ကျွန်တော် မစိတ်ဆိုးပါဘူး မနက်ဖြန်ကစပြီး ကျွန်တော် အလုပ်လုပ်ပါမယ်
မာမားကျွန်တော်မနားတော့ပါဘူး "

"  ကိုကို ဘာပြောလိုက်တာလဲ  ကိုကိုနားနေတာကို
မာမားက အပြစ်တင်နေတာမဟုတ်ဘူးလေ ကိုကို ဘာဖြစ်နေတာလဲ "

" သားငယ် ကိုကို့ကို မအော်နဲ့
ညနေဘာစားချင်လဲ သားကြီ
မားဘာချက်ပေးရမလဲ "

"မာမားအဆင်ပြေတာချက်ပါ ကျွန်တော်အကုန်စားပါတယ် အခု ကျွန်တော် အိပ်ချင်တယ်
မားသွားအိပ်လိုက်အုန်းမယ် "

" ကိုကို ညရောက်တော့မယ် ထမင်းစားပြီးမှ တခါတည်း အိပ်လေ "

" Kongပြောတာနားထောင်ပါမယ်
 မာမားကျွန်တော် ဘာကူလုပ်ရအုန်းမလဲ
ညစာစားပွဲအတွက် ဈေးသွားဝယ်ပေးရမလား "

" မလိုပါဘူး သားကြီးသာ နေကောင်းအောင်နေ အခန်းထဲ သွားနားလိုက်တော့ မာမားညစာချက်ပြီးရင် ခေါ်လိုက်မယ် "

" ဟုတ်ကဲ့ "

   သေချာပါတယ် သားကြီးတခုခုဖြစ်နေတယ် ကျွန်မစိုးရိမ်တဲ့အကြောင်းအရာများ သားကြီးသိသွားပြီလား ဟင့်အင်း မဖြစ်နိုင်ပါဘူး သားကြီးက သိရင် ငြိမ်နေမဲ့သူမဟုတ်ဘူး။ ကျွန်မတို့ကိုမေးမှာ သားကြီးက ဒီလိုငြိမ်နေမဲ့သူမျိုး မဟုတ်ဘူး ဘာဖြစ်တာလဲ သားကြီးရယ် မားရင်ပူနေတာ သားမရိပ်မိဘူးလား
မာမား တို့ကို ချစ်ရင် ပျော်ပျော်ရွှင်ရွှင်နေပေးပါ
သားကြီးရယ်

You've reached the end of published parts.

⏰ Last updated: Apr 03, 2024 ⏰

Add this story to your Library to get notified about new parts!

ပိုင်ရှင်ရှီတဲ့ကိုကိုWhere stories live. Discover now