Part 10

2K 142 2
                                    

Part 10

နှလုံးစက်မြည်သံနဲ့အတူ
ရိဟန်ဒေါက်တာကိုပြေးခေါ်သည်။
သားငယ်လည်း နိုးလာသည်။

"သားကြီး!..သားကြီး "

Arthit လက်လှုပ်လာပြီး မေနေလက်ကို
ဆုပ်ကိုင်ထားသည်။

"သားကြီး နိုးလာပြီမဟုတ်လား
မေမေအသံကြားရလား ''

ဆရာဝန်တွေဝင်လာပြီး Arthitကို စစ်ဆေးပြီး
လူနာရှင်တွေကိုကြည့်ကာဆိုသည်။

"နိုးလာတော့မှာပါ ဒါပေမဲ့ တခု သတိထားစေချင်တာက လူနားက နှလုံးနားမှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ် အဲ့ဒါကြောင့် အခြေအနေတခုခု ထူးခြားရင် ကျွန်တော်တို့ကိုပြောပါ ''

"ဟုတ်ကဲ့ ဒေါက်တာ ''

"ကျေးဇူးတင်ပါတယ် ဒေါက်တာ "

ပါပါးနဲ့မေမေက ဆရာဝန်တွေကို
ကျေးဇူးတင်စကားဆိုသည်။

" မေမေ  "

" ကိုကိုခေါ်လိုက်တာလားလို့ ''

သားငယ်ပြောတာကြောင့်
သားကြီးကိုကြည့်လိုက်တော့
မျက်စီမဖွင့်သေးပဲ ကျွန်မနာမည်ကို ခေါ်လိုက်တဲ့ သားကြီးအသံ

" မေမေရှီတယ်နော် သားဘေးနားမှာမေမေရှီတယ် မျက်စီဖြေးဖြေးလေးဖွင့်ပြီး မေမေကို ကြည့်ပေးပါနော် ''

Arthit မျက်လုံးကိုဖြေးဖြေးဖွင့်ကြည့်လိုက်ပြီး ပြတင်းပေါက်ကနေရောင်ကြောင့် ချက်ခြင်းပြန်မှိတ်သွားသည်။
Kong ပြတင်းပေါက်လိုက်ကာ ချက်ခြင်းပြေးပိတ်လိုက်သည် Arthit နောက်တစ်ကြိမ်ကြိုးစားပြီး
မျက်လုံးဖွင့်လိုက်သည်။

"သားကြီး ပါပါးကိုမြင်ရလား ''

"သား ''

" မေမေ ညီဘာဖြစ်သွားတုန်း ''

သားကြီးကသူညီကိုစိုးရိမ်ကာအရင်မေးသည်။
ဒေါ်မယ်ရီ ချက်ခြင်းပဲ သားငယ်ကိုလှမ်းခေါ်လိုက်သည်။

"သားငယ် ကိုကိုမေးနေတယ်လေ ဒီနားလာ ''

Kong ပြတင်းပေါက်နားကနေ ကိုကို့ဆီလာပြီး
ကိုကိုလက်ကို ကိုင်ထားလိုက်သည်။

"ညီ တောင်းပန်ပါတယ်ကိုကို..ညီကြောင့်..''

" မင်း တောင်းပန်သင့်တာပေါ့ မင်းလုပ်ရက်က
မင်းရောငါရော သေတော့မဲ့ကိစ္စ 
ညီရောဘာဖြစ်သွားသေးလဲ ''

ကိုကိုရဲ့ဂရုဏာဇောဖြင့် ဆူပူသံကြောင့်
kongရင်ထဲ အေးချမ်းသွားသည်။

" ညီဘာမှမဖြစ်ပါဘူး ကိုကိုရော အခုသက်သာရဲ့လား ခေါင်းရောကိုက်လား ရင်ဘက်ထဲကရော
နေလို့ကောင်းလား ''

"ရင်ဘက်ထဲမှာတော့ တလှပ်လှပ်ဖြစ်နေသလိုပဲ 
ပါပါးသားအိပ်ရာထဲမှာ မလှဲချင်ဘူး "

ရိဟန်သားကြီး ခန္ဓာကိုယ်ကို မပြီးရင်ခွင်ထဲထည့်ထားလိုက်သည်။ ဒေါ်မယ်ရီကတော့ မျက်ရည်ဝဲနေသည်။ 

" သားဘာစားချင်လဲ မေမေဘာလုပ်ပေးရမလဲ ''

"သား ဆေးရုံကဆင်းချင်တယ် ဒီဆေးရုံမှာ သားဘာမှစားချင်မှာ မဟုတ်ဘူး မေမေသားတို့အိမ်ပြန်ရအောင်နော် ''

သားကဆေးရုံကိုမုန်းသည်။ ဒါပေမဲ့ ဒီလောက်
ထိခိုက်ထားတာကို နိုးနိုးချင်း ဒီစကားပြောမယ်မထင်ခဲ့ပေ။

" သားအခြေအနေက မတည်ငြိမ်သေးဘူး သားမေ့နေတာ သုံးရက်တောင် သားကျန်းမာရေးကစိတ်မချရသေးဘူး ဆေးရုံကဆင်းလို့မရသေးဘူး ''

"ကိုကို အခြေအနေ စိတ်မချရသေးဘူး ညီတို့ ငှားထားတဲ့ အခန်းက အကျယ်ကြီးပဲ ကိုကို သည်းခံပြီး နောက်သုံးလေးရက်ပဲနေရမှာပါ ''

kongစကားကြောင့် Arthitနှုတ်ခမ်းဆူသွားသည်။

" သားမနေချင်ဘူး ပါပါး
ဆေးရုံကဆင်းချင်တယ် သားကိုချစ်ရင်
ဆင်းရအောင်နော် ဆရာဝန်ကြီးဆီရအောင်သွားပြောပေးပါ နို့မို့ဆို သားဘာမှလည်းမစားနိုင်
အိပ်လည်းမအိပ်နိုင်ဖြစ်မှာ ''

Kong ကိုကို့ကိုသနားတာကြောင့်
ပါပါးကိုတောင်းဆိုလိုက်သည်။

" ပါပါးသွားပြောပေးလိုက်ပါ ''

"သားငယ် မင်းကိုကိုအခြေအနေ
မသိတာလဲမဟုတ်ပဲနဲ့ ''

မယ်ရီစကားကြောင့် သားကြီး ကျွန်တော်ရင်ခွင်ကနေထွက်ပြီး ခေါင်းအုံပေါ် ပြောင်းအိပ်ပြီး မျက်စီမှိတ်သွားသည်။  ကျွန်တော်သိလိုက်ပါပြီ သားကြီး စိတ်ခုသွားပြီ ကျွန်တော် ချက်ခြင်းပဲ ဆေးရုံအုပ်နဲ့ တွေ့ဖို့
ထွက်လာလိုက်သည်။

ပိုင်ရှင်ရှီတဲ့ကိုကိုWhere stories live. Discover now