ပိုင်ရှင်ရှီတဲ့ကိုကို
Part 11
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ ''
"စကားပြောချင်လို့ အချိန်ရလား ဆေးရုံအုပ်ကြီး ''
" သူဌေးကိုယ်တိုင် ကျွန်တော်ရုံးခန်းထဲ
တကူးတကလာတယ်ဆိုတော့ Arthitရဲ့ တာဝန်ကျ
ဆရာဝန်ကို စိတ်တိုင်းမကျလို့လားဗျာ ''" မဟုတ်ပါဘူး ကျွန်တော်ဆေးရုံအုပ်ကြီးရဲ့
အကူအညီကိုလိုလို့ပါ "" ပြောပါ ကျွန်တော်ဘာကူညီရမလဲ "
" ကျွန်တော်ရဲ့သားက ဆေးရုံကနေဆင်းချင်နေတယ်။ သူကငယ်ငယ်ကတည်းက ဆေးရုံဆို အရမ်းမုန်းတော့ ဆင်းရုံမဆင်းပေးရင် အစာလည်းစားမှာမဟုတ်ဘူး အိပ်လည်းအိပ်ပျော်မှာမဟုတ်ဘူး ''
"ကျွန်တော် သူဌေးရိရဲ့ မိသားစုအကြောင်းကြားဖူးပါတယ် သူဌေးက သားတွေကို အရမ်းချစ်တယ်ဆိုပြီး နာမည်ကြီးနေတယ် အဲ့ဒါကြောင့်လည်း
သူဌေးရိဟန်ရဲ့သားကို ကျွန်တော်ကိုယ့်တိုင် ခွဲစိတ်ပေးတာပါ ဒါပေမဲ့ ကျွန်တော် စိတ်ပူတာက အဲ့ကလေးကို ခွဲစိတ်တာ အချိန်သုံးနာရီကျော်ကြာခဲ့တယ် နှလုံးနားက သိပ်မကောင်းဘူး အဲ့ဒါကြောင့် အခြေအနေကို စောင့်ကြည့်စေချင်တာ ''" သားကြီးကအန္တရာယ်ဖြစ်နိုင်လား ဒေါက်တာ''
" စောင့်ကြည့်ရအုန်းမှာပါ ဒါပေမဲ့
အခု Arthitက ဆေးရုံမှာ အိပ်မပျော်ဘူးဆိုရင်
ကျွန်တော်ဆင်းပေးလိုက်ပါမယ် သူတခုခု ခံစားရရင် အမှန်အတိုင်းပြောခိုင်းပါ ဆေးကုသမှုခံယူခိုင်းပါ ''" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ ''
ခွင့်ပြုချက်ရပြီး ကျွန်တော် အခန်းထဲဝင်လာတော့ သားကြီး မျက်စီမှိတ်ထားတုန်း အိပ်နေတာမဟုတ်ပဲ ကောက်နေတာမှန်းရိပ်မိပြီး သားကြီးရဲ့ဆံပင်ကို
ခပ်ဖွဖွနမ်းပြီ"အိမ်ပြန်မယ် ပါပါးရဲ့ကောင်လေး ''
သားကြီးချက်ခြင်းပဲမျက်စီဖွင့်လာသည်။
" တကယ်လား ပါပါး ''
" ပါပါးမလိမ်ပါဘူး သားငယ်ပစ္စည်းတွေသိမ်းတော့ အပြင်မှာ အတွင်းရေးမှုးကို လာကြိုခိုင်းထားတယ် ''
" ဟုတ်ကဲ့ပါပါး "
ကျွန်တော်သားကြီးကိုပွေ့မလိုလုပ်တော့ သားငယ်က
" ပါပါးကျွန်တော်ပွေ့ပါမယ် ''
"သားငယ်လည်း ပင်ပန်းနေတာလေ
ပါပါးပဲပွေ့ပါမယ် ''ကျွန်တော်ပွေ့လိုက်တော့ သားကြီး ကျွန်တော်ရင်ဘက်ကိုခေါင်းဖွတ်ပြီးလိုက်လာသည်။ အိမ်မှာဆို ကလေးလုပ်နေလို့ ကိစ္စမရှီပေမဲ့ ဆေးရုံမှာလူများတော့ ရှက်နေတဲ့ပုံစံဖြစ်နေသည်။
ကားနားရောက်တော့" ပါပါး ကားမစီးဘူး
ကျွန်တော်ကြောက်တယ် ''" ကိုကို ကားစီးမှ အိမ်ပြန်ရောက်မှာလေ
ကားမစီးပဲဘယ်လိုဖြစ်မှာလဲ ''"ဆိုင်ကယ်နဲ့ ပြန်မယ် ကားမစီဘူး ''
"သားလေးက ခွဲစိတ်ထားတာ ဆိုင်ကယ်စီးလို့
လုံးဝမဖြစ်ဘူး ''" သားမကြောက်အောင်
မေမေသီချင်းဆိုပေးမယ်နော် ''" ပါပါးရင်ခွင်ထဲမှာ မျက်စီမှိတ်ထား သားကို
မထိခိုက်အောင် ပါပါးကာကွယ်နေတယ်လို့သားယုံကြည့်ပေးနော် ''ကျွန်တော်ပြောတော့ သားကြီးခေါင်းညိတ်ပြီး မျက်စီမှိတ်ထားလေသည်။ ကားရှေ့ခန်းမှာသားငယ်ကထိုင်ပြီးသားကြီးက ကျွန်တော်တို့လင်မယားနဲ့ နောက်ခန်းကထိုင်ပြီး ကျွန်တော်ရင်ခွင်ထဲမှာ မျက်စီမှိတ်ထားသည်။ ကြောက်နေတဲ့သားကြီးက တကယ်ကလေးလေးလိုပဲ ကျွန်တော်တို့လင်မယားနှစ်ယောက်လုံး သားကြီးကို သနားလွန်းလို့ ရူးတော့မယ်
" အတက်နိုင်ဆုံးဖြေးဖြေးမောင်းပါ ''
" ဟုတ်ကဲ့ သူဌေး ''
ကားထွက်တာနဲ့ သားငယ် Kong က သီချင်းစဆိုလိုက်သည်။ သူကိုကို ကြောက်မှာဆိုးလို့ ဖြစ်သည်။ မယ်ရီကပါ သီချင်းဆိုလေသည် ကျွန်တော်က သားကြီးကျောကို ဖြေးဖြေးလေးပုတ်ပေးလိုက်သည်။ ကားပေါ်မှာဆိုနေတဲ့ လူနှစ်ယောက်ရဲ့ သီချင်းသံကတော့ အိမ်ရောက်တဲ့ထိ ကြားနေဆဲပါ။
