Part 7

2K 152 1
                                    

ပိုင်ရှင်ရှီတဲ့ကိုကို Part 7

ကျွန်မတို့မိသားစုက အားကျရသော
မိသားစု စာရင်းဝင်ထဲမှာ ပါဝင်သည်။
လူများအားကျရတဲ့အကြောင်းက ပိုက်ဆံရှီ ချမ်းသာလွန်းလို့မဟုတ် ရာထူးဂုဏ်ထူးတွေ ပေါများလွန်းလို့မဟုတ်ပါ မိသားစု ချစ်ချစ်ခင်ခင်နေလွန်းလို့သာဖြစ်သည်။ အားလုံးတာဝန်ကိုယ့်စီနဲ့အလုပ်များတဲ့ကြားက ချစ်ချစ်ခင်ခင်နေဖို့တပတ်မှာ  အားရက်တစ်ရက်တော့ယူသည်။ စနေနေ့တိုင်း ရောက်လျှင် သားငယ်ကျောင်းပိတ်သလို ကျွန်မယောက်ကျားနဲ့သားကြီးလည်းကုမ္ပဏီမသွားပေ။ စိတ်ချရတဲ့ အတွင်းရေးမှူးတွေနဲ့သာ လွှတ်ထားသည်။  စနေနေ့မနက်ပိုင်းတော့ သားတို့စားချင်သာဝယ်ဖို့သားတို့လိုချင်တာဝယ်ပေးဖို့သားနှစ်ယောက်နဲ့အတူ မနက်တိုင်း ကျွန်မဈေးသွားသည်။ ညနေကျရင် မိသားစုညစာထွက်စားပြီး ရုပ်ရှင်ကြည့်ဖြစ်တာများသည်။ ဒီနေ့မနက်မှာတော့ ကျွန်မသားနှစ်ယောက်နဲ့ ဈေးမလိုက်ဖြစ်ပေ။

" မေမေကမလိုက်ဘူးတဲ့ ညီ ဈေးဝယ်ရင်
မင်း အထုတ်အပိုးတွေ ဆွဲရမှာနော် ''

" အမေမလိုက်ရင် ကိုကိုက ကျွန်တော်ကို
အနိုင့်ကျင့်မှာ ''

"သားငယ်က အငယ်ပဲဆွဲပေးလိုက်ပါ ''

"သားငယ်ရေ မင်းမေမေကို စစ်ကူသွားမတောင်းနဲ့ မင်းအမေက သားကြီးမှသားကြီးပဲ ''

ပါပါးကဝင်ပြီးပြောတာကြောင့်
kong ပါပါးကိုလှမ်းပြောလိုက်သည်။

"အဲ့ဒါဆိုပါပါး ကိုကို့ကိုပြောလေ
အငယ်ကိုးအနိုင်မကျင့်နဲ့ အထုပ်အတူတူဆွဲလို့ ''

" ဟင်! "

ရိဟန်စကားနင်သွားသည် သားငယ်ပြောခိုင်းသလိုပြောဖို့သားကြီးမျက်နှာကို ကြည့်တော့
သားကြီးကကျွန်တော်ကို စူးစိုက်ကြည့်နေသည်။

" သားတို့ကားဖြေးဖြေးမောင်းနော် ''

" ပါပါး! "

Kongရဲ့အလိုမကျမှုအသံအောက်မှာ
အားလုံးဝိုင်းရယ်သည်။ 
ကားမောင်းနေစဉ် ကားပေါ်မှာ စာအုပ်ဖတ်နေတဲ့
 ကိုကို့ကို သူအလိုမကျစွာနဲ့

ပိုင်ရှင်ရှီတဲ့ကိုကိုWhere stories live. Discover now