ပိုင်ရှင်ရှီတဲ့ကိုကို
Part 13
ကိုကိုနေမကောင်းတဲ့ရက်တွေ ပါပါးလည်း
အလုပ်မသွားဖြစ်ပေ။ ကုမ္ပဏိက ကိစ္စအဝဝကို
သူဒါရိုက်တာကိုသာ လွှဲထားလိုက်သည်။
မယုံကြည့်နိုင်သေးဘူး ကိုကိုက သူစိမ်းဆိုတာ
ကိုကို့ကို ကျွန်တော်ထက်ပိုပြီး မေမေတို့က ချစ်ခဲ့တာကြောင့် ကိုကိုက သူစိမ်း တစ်ယောက်ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။ အခုလည်း ကိုကိုမနက်စာ စားပြီး ပါပါးရင်ခွင်ထဲမှာ အိပ်နေသည်။ ကိုကို နေမကောင်းတဲ့အချိန်မှာ ပါပါးကခေါင်းအုံပေါ်ခေါင်းချ မသိပ်ရဲပေ ရင်ခွင်ထဲမှာပဲခေါင်းပြုအိပ်စေသည်။ ကိုကိုနိုးလာလို့ သူခေါင်းအိပ်ရာပေါ်ရောက်နေရင် ဂျီကျလိုက်မဲ့ဖြစ်ခြင်း ဒါ ငယ်ငယ်တုန်းက ပါပါးနဲ့မေမေအလိုလိုက်ထားလို့ အကျင့်ဖြစ်နေပြီဖြစ်သည်။
ကိုကိုရဲ့အဲ့ဒီ အကျင့်ဆိုးကို ပြင်လိုမရပေ။
အခုတော့ ကြီးကြီးမားမားကား မှောက်ထားလို့
ပိုဆိုးပြီပေါ့ အားနည်းလို့
စကားမပြောနိုင်ရင်တောင် လက်ညိုးထိုးပြီး ရအောင်ခိုင်းသည်။ ဂျီကျလွန်းသည်။ တခြားသူပြောရင်ယုံမှာမဟုတ်ဘူး ၂၅နှစ်အရွယ်ကိုကိုက
သုံးနှစ်သားကလေးထက် ပိုဂျီကျတယ်ဆိုတာ" သားကြီး နိုးပြီလား ''
ကျွန်တော်ကိုကိုနိုးလာတာနဲ့ စာကြည့်စားပွဲပေါ်မှာစာဖတ်နေရင်းမတက် ဖန်ခွက်ထဲရေထည့်ပြီး ယူလာပေးပြိး တိုက်လိုက်သည်။
" ပါပါး မနက်ဖြန် ကျွန်တော် အဖွဲမှူး Namtarnကို အိမ်လာခိုင်းလိုက်တယ် ဒီလထုတ်ကုန်အတွက်
သားနဲ့ တိုင်ပင်ဖို့ ''" သားနေမကောင်းဘူးလေ ဒီလထုတ်ကုန် ရှုံးရှုံးမြတ်မြတ် သူတို့ဘာသာ သူတို့လုပ်ပါလိမ့်မယ် ''
" သားတာဝန်ယူတဲ့အလုပ်
သားပြီးအောင်လုပ်ချင်တယ် ပါပါး ''" သားကြီးသဘောပါ ''
ကိုကိုဘယ်လောက်ကလေးဆန်ဆန် အလုပ်နဲ့ပတ်သတ်ရင်တော့ရင်ကျက်တယ် တည်ငြိမ်တယ် ထက်မြတ်တယ် တာဝန်အပြည့်ရှီတယ် အဲ့ဒါကြောင့် Par လည်းမတားတော့တာနေမှာ
" ကိုကို ညနေဘာစားချင်လဲ '
" ဘာဖြစ်ဖြစ် စားပါမယ် ညီ ''