Part 30
ကျွန်တော် မနက်အိပ်ရာထတာနဲ့ Kong က ကျွန်တော်ကို ကြည့်နေသည်။ ခေါင်းအုံးပေါ်
လက်ထောက်ပြီး ကြည့်နေပုံက အစားကောင်း
စားပြီး ခံတွင်းတွေ့သွားတဲ့ ဝံပုလွေအကြည့်မျိုး
"နိုးပြီလားကိုကို "
ကျွန်တော်ထမယ့်လုပ်တော့ ကျွန်တော်ကိုပွေ့ချီသည် ပြီးတော့ အပူအအေးမျှထားတဲ့ ရေကန်ထဲစိမ်ခိုင်းသည် ပြီးတော့ ဂျီးတွန်းပေးသည်။
"ညတုန်းက ကိစ္စကိုပါပါးတို့ကို ပြန်တိုင်မှာဆိုးလို့ သဘောကောင်းနေတာလား "
" ကိုကိုက လည်လိုက်တာ သိသွားပြီ "
" လူဆိုးလေး ငါမသိတာကျလို့ "
" ကိုကို နာလားဟင် "
Arthit မျက်နှာနီရဲသွားကာ
" ညီ ဘာတွေလာမေးနေတာလဲ "
ကိုကိုရှက်ပြီး မျက်နှာရဲနေပုံက
ခရမ်းချည်သီးအမှည့်ပုံစံလေး
" ကိုကိုရှက်တာ ချစ်စရာလေး "
" ညီ ငါကအခု မင်းတို့မိသားစု စစ်စစ်ဖြစ်ပါပြီနော် "
" ကိုကိုရယ် အရင်တုန်းကကော
မိသားစုမဖြစ်ခဲ့လို့လား ပါပါးနဲ့အမေရဲ့အချစ်ကို ကိုကို မယုံဘူးလားဟင် အခုထိ
သံသယထားတုန်းလား "
" ယုံတယ် ငါသံသယဖြစ်နေတာမဟုတ်ပါဘူး
ငါကြောက်နေတာပါ ငါကမေမေတို့ရဲ့သားပဲဖြစ်ချင်တယ် ဘယ်သူ့သားမှ မဖြစ်ချင်ဘူး "
" ကိုကိုက ကျွန်တော်တို့ရဲ့ အချစ်ဆုံးပါ
ကိုကိုတစ်ယောက်တည်းကိုပဲ
အရမ်းချစ်တာ ယုံပေးရမယ်နော် "
" အင်း "
ကိုကို့ကို ရေမြန်မြန်ချိုးပေးပြီး
အဝတ်အစားဝတ်ပေးနေတုန်း
ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ "
" သားကြီးနိုးပြီပဲ "
" ပါပါးနဲ့မေမေ နှစ်ယောက်လုံးလာတာဆိုတော့ ကျွန်တော်ကိုဆူဖို့လား "
မေမေကပြုံးကာ ကိုကို့ကိုကြည့်ကာ
" သားကြီးအတွက်ဆိတ်စွပ်ပြုတ်လုပ်လာတယ် "
မေမေက ကိုကိုမထနိုင်မှန်းသိတာကြောင့်
အစားအသောက်ကို အခန်းထဲထိယူလာသည်။
" ဟုတ်ကဲ့မေမေ "
" ခွံမယ်နော် ကလေးလေး "
" ဟုတ်ကဲ့ မေမေ "
" ကျွန်တော်အတွက်ရော့ "
ပါပါးက ကျွန်တော်ကိုကြည့်ကာ
" အောက်မှာသွားစားလေ "
" ပါပါးတို့ကလွန်လွန်းလာပြီနော် "
" မလွန်ပါဘူး သားငယ် အောက်မှာ
မနက်စာသွားစား ပြီးရင် ကုမ္ပဏီသွားတော့ "
" ဟွန်း မျက်နှာလိုက်ချက်ကတော့ လွန်တယ် "
" မင်း ပါပါးခိုင်းတာလုပ်သင့်တယ်နော် "
" ဟုတ်ကဲ့ပါခင်ဗျာ "
ဖြစ်သွားတဲ့Kongပုံစံကြည့်ပြီး အားလုံးရယ်မိသည်။
" သားကြီး ထပ်စားဦး "
" ဟုတ်ကဲ့ "
ပါပါးနဲ့မေမေက ကိုကို့ကို အရင်တုန်းကထက်
ပိုဂရုစိုက်သည်။ ကိုကိုသိသွားတာကြောင့်လည်းပါသည်။ ကိုကိုနည်းနည်းလေးမှ
အားမငယ်ရအောင်ကိုးဂရုစိုက်သည်။
အဲ့ဒါကြောင့် ကိုကိုက ကျွန်တော်နဲ့တလှည့်
မေမေတို့နဲ့တလှည့် သွားအိပ်တာများသည်။
