Part 2
"သားကြီးကို အိမ်ထောင်ချပေးမဲ့စကားကို
သားငယ်ကိုပြောလိုက်တယ်ဟုတ်လား မယ်ရီ ''မယ်ရီ ဟန်အပေါ်ဝတ်ကို ကူချွတ်ပေးရင်းပြောလိုက်သည်။
" ဟုတ်တယ် ဒါပေမဲ့ သားငယ်ကလုံးဝသဘောမတူဘူး ''
" ကိုယ်လည်းသဘောမတူဘူးမယ်ရီ သားကြီးက
ကိုယ်တို့အတွက် လဘ်ကောင်လေးပဲ ပြီးတော့
ပျော်ရွှင်စေတဲ့မိသားစုလေးဖြစ်ဖို့ သားကြီးမရှီရင်မရဘူး။
သားကြီးကိုယ်တို့ဘဝကတည်းက ကိုယ်တို့အတွက် အများကြီး ကံကောင်းခဲ့ပြီး ပျော်ရွှင်ခဲ့ရတယ်
ကိုယ်တို့အရမ်းလိုချင်နေတဲ့ ကလေးလည်းရခဲ့တယ် ''" သားကြီးကိုတခြားသူနဲ့
လက်ထပ်ပေးဖို့မဟုတ်ပါဘူး
သားငယ်ရဲ့စိတ်ကိုတမင်စွပေးတာပါ ''"ဘာတွေလျှောက်လုပ်နေတာလဲ မယ်ရီရယ် ''
"မသိဘူးဟန် ကျွန်မစိုးရိမ်စိတ်နဲ့ရူးတော့မယ်
သားကြီးကို သူအဖေကျွန်မတို့ဆီ အပ်ထားကတည်းက
ပိုင်ရှင်ပြန်လာခေါ်မှာဆိုးလို့ ချင်မိုင်းကနေ ဘန်ကောက်ထိ ကျွန်မတို့ပြောင်းခဲ့တယ် ဘယ်လောက်ပဲခြေရာဖျောက်ဖျောက် တနေ့ သူမိဘရင်းက သားကြီးကို ပြန်လာခေါ်မဲ့အတွေးကြောင့် ကျွန်မရူးတော့မယ် တစ်နေ့တစ်နေ့ ပိုပိုချစ်ဖို့ကောင်းလာတဲ့ သားကြီးကို ကျွန်မထာဝရပိုင်ဆိုင်ချင်တယ်။
ကျွန်မကို အတ္တကြီးတယ်လိုပဲပြောပြော
သားကြီးကိုမဆုံးရှုံးဖို့ သားငယ်နဲ့သဘောတူနေမိတယ် ''"ကိုယ့်လည်းမင်းနဲ့ထပ်တူပါပဲ အဲ့ဒါကြောင့်
သူအဖေရင်း သူကို ပြန်မတွေ့အောင် ကိုယ်မင်းနဲ့အတူ အပြစ်တွေလုပ်ခဲ့တာပဲလေ မင်းအဲ့လိုလုပ်ရင်း သားကြီးက သူကိုယ့်သူ
မွေးစားသားမှန်းသိသွားမှာပေါ့ သားကြီး စိတ်ဒဏ်ရာ
ရသွားမှာကိုယ်မလိုချင်ဘူး တောင်းပန်ပါတယ်မယ်ရီ
လျှောက်မလုပ်ပါနဲ့ ''"ကျွန်မကြောက်တယ် ဟန် ကျွန်မရင်ခွင်ထဲက
ကလေးလေး လွှတ်ထွက်သွားမှာကိုး၊
ကျွန်မသားကြီးကိုအဆုံးအရှုံးမခံနိုင်ဘူး ''မယ်ရီကျွန်တော်ကိုဖက်ပြီးငိုကြွေးနေလေသည်။
မယ်ရီလို့ ကျွန်တော် မျက်ရည်မကျပေမဲ့ ရင်ထဲမှာ
ပူလောင်နေတာက ထပ်တူထပ်မျှပါပဲ