Part 15

2K 134 2
                                    

ပိုင်ရှင်ရှီတဲ့ကိုကို

Part 15

မနက်မိုးလင်းတာနဲ့ ကိုကို့ကိုတိတ်တခိုး
Morning Kiss ပေးလိုက်သည်။
မနက်စာကျွေး ကိုကို ဝေယျာဝစ္စတွေ အားလုံး လုပ်ပေးပြီးမှ ကျွန်တော် ကျောင်းသွားခဲ့သည်။ ကျောင်းရောက်တော့လည်း သူငယ်ချင်းတွေနဲ့စကားတွေပြော စာတွေသင်နေရပေမဲ့ ခါတိုင်းလို အချိန်ကုန်
မမြန်သလိုပဲ အိမ်မြန်မြန်ပြန်ပြီး ကိုကို့ကိုတွေ့ချင်စိတ်တွေ ဖြစ်နေမိသည်။
အတန်းဆင်းတာနဲ့ သူငယ်ချင်းတွေက စနောက်နေသည်။ မြို့ထဲ မှာ ကိုကိုအတွက် အအေးဝယ်လာပြီး အိမ်ရောက်တော့ မေမေကနှုတ်ဆက်သည်။

" သားငယ်ပြန်လာပြီလား"

အမေစကားတောင် ပြန်မဖြေအားပဲ အပေါ်ထပ်က ကိုကိုအခန်းသို့ပြေးလာစဉ် ကိုကိုရယ်သံကြားနေရသည်။ ကိုကိုအခန်း တံခါး အပေါက်ဖွင့်ထားလို့ ကြည့်လိုက်တော့ ကိုကိုနဲ့ Namtarn စကားပြောရင်း ကိုကို မျက်နှာမှာ အပြုံးတွေပဲ တွေ့နေရသည်။ ကျွန်တော်ချက်ခြင်းအခန်းထဲဝင်ပြီး အသံကျယ်စွာနဲ့
နှောက်ယှက်လိုက်သည်။

" ကိုကို ညီ အအေးဝယ်လာတယ် "

"မန်နေဂျာကခွဲစိတ်ထားတာလေ
အအေးတွေမတည့်ဘူး "

Namtarnစကားကို ကိုကိုကပါထောက်ခံသည်။

" ဟုတ်သားပဲ ညီ ကိုကိုမသောက်တော့ဘူး "

ကိုကို ကျွန်တော်ကို ဂရုမစိုက်ပဲ သူမနဲ့ပဲ စကားဆက်ပြောနေသည်။ ကျွန်တော်လည်း အိမ်အောက်ထပ်ဆင်းပြီး ထမင်းစားခန်းရှီရာပြန်လာလိုက်သည်။
အမေကလက်ထဲက အအေးဗူးကို
ရေခဲသေတ္တာထဲထည့်ကာမြင်တော့
ပြုံးလျက်ဆိုသည်။

" သားကိုကိုက အအေးနဲ့မတည့်တာ
မေမေပြောမလိုပဲ သားက အပေါ်စွတ်တပ်သွားတယ် "

" သူမကဘာလာလုပ်တာလဲ ရောက်နေတာကြာပြီလား "

"နေ့လည်ကတည်းက ရောက်နေတာ ကုမ္ပဏီ အလုပ်တွေကို သားကြီးဆီတင်ပြနေတာ "

" ကုမ္ပဏီအလုပ်ကြောင်းပြောတာလည်း ဘာလိုကိုကိုအခန်းထဲ လွှတ်လိုက်ရတာလဲ ဧည့်ခန်းထဲမှာမပြောခိုင်းပဲနဲ့  "

" ဒီနေ့ သားပါပါးက ကုမ္ပဏီမှာ နိုင်ငံခြားဧည့်သည်တွေနဲ့ ချိန်းထားတော့ သွားရတယ်လေ သားကြီးကို မေမေမှ မပွေ့ချီနိုင်တာ အဲ့တော့ Namtarn ကို  သားကြီး အခန်းထဲ လွှတ်ရတာပေါ့ အခန်းတံခါးတော့ ဖွင့်ထားတာပဲ "

" နေ့လည် ထဲကရောက်နေတာဆို ရောက်နေတာကြာပြီ ဘာလို့မပြန်သေးတာလဲ အလုပ်ကိစ္စ ပြောတာလဲပြောသေး ကိုကို မျက်နှာ ပြုံးဖြဲယုံတင်မကပဲ ရယ်မောနေတာ "

" သူမကဖော်ရွေတယ် ရောက်ကတည်းက သားကိုကို အတွက် စားစရာ တွေအများကြီးဝယ်လာတယ် သူကိုယ့်တိုင်ထည့်ပြီး ခွံကြွေးနေတာ (တကယ်တော့ ခွံကြွေးတာကတော့ ကျွန်မ ပိုပြောလိုက်တာပါ သားငယ်သဝန်တိုအောင်ဖြစ်သည်။ )

" မေမေက ခွံမကြွေးဘူးလား ဘာလို့သူစိမ်းမိန်းကလေးကို ခွံခိုင်းရတာလဲ  "

" သူမ လာတာကောင်းတယ်သားကြီး ပျော်နေတာ သူမက မင်းအစ်ကိုကို့ တော်တော် ဂရုစိုက်တာ တော်တော်လည်း သည်းခံ ရှာတာ"

"အမေအပေါ်တက်ပြီး သူမကို ပြန်ခိုင်းလိုက်တော့ ကိုကိုက သူမရှီတာနဲ့ မနားရဘူး "

" ညစာစားပြီးမှ ပြန်ခိုင်းမလို့ အခုလည်း သားကိုကို မနားချင်ပါဘူး ရယ်တောင်ရယ်နေသေးတာ "

" မေမေ ပြန်ခိုင်းပါတော့ဆို "

အူတိုနေတဲ့ သားငယ်ကိုကြည့်ပြီး ရယ်ချင်သွားသည် ဒါပေမဲ့ ကျွန်မလည်း စိတ်ပူစိတ်ဝင်မိသည်။ သားကြီးက အဲ့ဒီကလေးမကိုး တော်တော် အရေးပေးသည်။ အဲ့ဒီ ကလေးမနဲ့ ရယ်ရယ်မောမော စကားပြောနေတာ ပထမဆုံးမြင်တွေ့ရတာပဲ မိန်းကလေး တစ်ယောက်နဲ့  အချိန်တွေအကြာကြီး အခန်းထဲမှာနေနေတာ သားကြီး အတွက် ဒါပထမဆုံးပဲဖြစ်သည်။

ပိုင်ရှင်ရှီတဲ့ကိုကိုحيث تعيش القصص. اكتشف الآن