ပိုင်ရှင်ရှီတဲ့ကိုကို
Part 18
ဒီနေ့ ကိုကိုဆေးရုံပြန်တက်ရတဲ့နေ့ဖြစ်သည် အကြောင်းက ကိုကိုခြေထောက် လမ်းပြန်လျှောက်ဖို့ လေ့ကျင့်ခန်းလုပ်ရင်း ဆေးစစ်ဖို့ဖြစ်သည်။ ဆေးရုံကို Namtarn နေ့တိုင်းလာသည်။ ကိုကိုနဲ့ ကုမ္ပဏီ အလုပ်တွေ ဆွေးနွေးတိုင်ပင်သည်။ ကိုကိုကသူမနဲ့ဆုံလျှင်ပြုံးသည်။ ဆေးရုံဆေးခန်း မုန်းတဲ့ ကိုကိုက သူမပြောစကားကြောင့် ဆေးရုံတက်ခဲ့သည်။ သူမကလည်း ညထိတောင် အဖော်လုပ်ပေးသည်။ အဆိုဆုံးကတော့ ပါပါးနဲ့အမေကဘာမှမပြောပဲ လွှတ်ထားတာဖြစ်သည်။
" ကိုကို သူမက နေ့တိုင်းလာတယ်နော် "
" ကိုကိုလာခိုင်းတာပါ ကုမ္ပဏီစာရင်းတွေ ထုတ်ကုန်အသစ်တွေ စဉ်းစားအကြံပေးတဲ့ နေရာမှာ သူမက အရမ်းတော်တယ် "
"အလုပ်ကြောင့်ပြောတာ ဆွေးနွေးတာတွေက
ရယ်ရလား ကိုကို သူမနဲ့တွေ့တိုင်း ကိုကို ပြုံးရယ်တာတွေမြင်နေရတယ် ကိုကိုက ဘယ်မိန်းကလေးမှ အဲ့လောက်မရင်းနှီးဖူးလေ "ညီစကားကြောင့် Arthitဘွင်းဘွင်းရှင်းရှင်းမေးလိုက်သည်။
" ထူဆန်းလို့လားညီ ဘာမေးချင်တာလဲ
တိုက်ရိုက်မေးပါ "" ကိုကို သူမကို စိတ်ဝင်စားနေလား ချစ်နေလား"
" ညီ သဘောတူလား "
" ဒါဆို ကိုကိုကသူမကို "
" ဟားဟား "
" ဘာရယ်တာလဲ ကိုကို "
" ညီအတွေးကိုရယ်နေတာ ကိုကိုက မင်းအစ်ကိုအရင်းပါ ဒါပေမဲ့ မင်းအခုဖြစ်နေတဲ့ပုံစံက မင်းချစ်သူကို သူများနောက် ပါသွားမှာဆိုးလို့ စစ်မေးနေတဲ့ပုံစံဖြစ်နေတယ် "
" ညီ ဘဝအတွက်ကတော့ ကိုကို လက်ထပ်သွားမှာ အကြောက်ဆုံးပဲ ပြီးတော့ နောက်အပတ်ဆို ညီစာမေးပွဲပြီးပြီ ကျောင်းပြီးပြီ ကုမ္ပဏီ မှာအလုပ်သင်မယ် အလုပ်ဝင်တော့မယ် ကိုကို အိမ်မှာနားလို့ရပြီ ဒီလိုမျိုးနေမကောင်းဖြစ်နေတာကိုး အလုပ်အကြောင်းဆွေးနွေးစရာ မလိုတော့ဘူး "
"ကိုကို လေညှင်းခံထွက်လိုက်အုန်းမယ် "
ညီနဲ့စကားဖျက်မှဖြစ်တာကြောင့်ပြောလိုက်သည်။
" ညီ လိုက်ပေးမယ်လေ "
" ကိုကို လမ်းလျှောက်နိုင်ပါပြီ "
Arthitအပြင်ထွက်လာခဲ့သည် အခုတလော စိတ်ရှုပ်နေတဲ့ အကြောင်းအရာ တစ်ခုရှီပါသည် အဲ့ဒါက ဆေးရုံက ဆရာမတွေပြောတဲ့ ကျွန်တော်ခွဲစိတ်မှုနဲ့ ပတ်သတ်တာပဲ ဘာကြောင့် ပါပါး မေမေ ညီနဲ့ သွေးမတူခဲ့ရတာလဲ ဘာကြောင့်လဲ
စဉ်းစားနေတုန်း တိုက်မိခြင်း ခံလိုက်ရတာကြောင့် ရုတ်တရက် လဲမလိုဖြစ်တုန်း ကျွန်တော်ကို ပြန်ထိန်းထားလိုက်တဲ့ အမျိုးသမီးကြီးကိုတွေ့ရသည်။" သတိထားမှာပေါ့ကလေး တွေးတောရင်းလမ်းမလျှောက်နဲ့လေ "
" Daw Parng "
" အန်တီကို သိတာလား "
" ဒီနိုင်ငံမှာ အအောင်မြင်ဆုံး စီးပွါးရေးလုပ်ငန်းရှင်ပဲ အလှူဒါန အလုပ်ဆုံးနဲ့ ကြင်နာတက်တဲ့ အမျိုးသမီးကြီးလို နာမည်ကြီးတယ် ကျွန်တော် သိတာပေါ့ "
" ကလေးက ဦးဏှောက် ကောင်းတာပဲ အန်တီကို တန်းမှတ်မိတယ် အမှန်တော့ သတင်းထောက်တွေနဲ့ တွေ့မှာဆိုးလို့ အန်တီ ရုတ်ဖျက်လာတာ နေမကောင်းဘူး မဟုတ်လား တွေးရင်းလမ်းမလျှောက်နဲ့ တိုက်မိရင် ကလေးပဲ နာကျင်ရမှာ "
ကျွန်တော်ကို သတိပေးပြီး သူထွက်သွားသည်။
" နာမည်ကြီးထားတဲ့အတိုင်း တကယ် ကြင်နာတက်တဲ့ အမျိုးသမီးကြီးပဲ "
