ပိုင်ရှင်ရှီတဲ့ကိုကို Part 22
" ဘာလို့ တောင်းပန်တာလဲကိုကို ညီကထူးဆန်းလို့သိချင်တာပါ ကိုကို တစ်ခုခုဖြစ်ပြီထင်နေတာ
အခုတော့ ဘယ်သွားနေလို့ ညနက်မှပြန်လာရတာလဲ "ကိုကိုလှဲနေရာမှထပြီး
" ကားတစ်စီးနဲ့တိုက်မိမလို့ဖြစ်ပြီး ကိုကိုလန့်ပြီးမေ့လဲသွားလို့ပါ သူမက ဆေးရုံမပို့ပဲ ဆရာဝန်ခေါ့်ပြီး ဆေးသွင်းပေးခဲ့တယ် ဖုန်းကလည်းအားကုန်နေတော့ သူမကသွင်းပေးထားတယ် ကိုကို နိုးလာတာနဲ့ ချက်ခြင်းပြန်လာတာပါ တောင်းပန်ပါတယ် ကိုကိုကြောင့် Kong ညစာစားပွဲလေးပျက်ရတယ်
ကိုကိုတောင်းပန်ပါတယ် "" ကိုကိုနေမကောင်းတာ ကိုကိုအပြစ်မှမဟုတ်တာ
ပြီးတော့ ဘာကြောင့် ကိုယ့်ဘာသာပြန်လာတာလဲ
ညီတို့ကို့ဖုန်းဆက်လာခေါ်ခိုင်းပေါ့ "" ကိုကို တောင်းပန်ပါတယ် "
ဘာကြောင့် တောင်းပန်တယ်စကားပဲ
ခဏခဏပြောနေပါလိမ့်" ကိုကို!ဘာကြောင့် ပြောင်းလဲသွားတာလဲ
ဒီနေ့ကိုကို ပြောတဲ့စကားက ညီရင်ကိုနာစေတယ် ဘာ တောင်းပန်တယ် ဟုတ်လား ကိုကို ဘာကြောင့် တောင်းပန်နေတာလဲ ကိုကိုက အမြဲတမ်း ဆိုးပြီး ဗိုလ်ကျနေကျလေ ဆိုးလို့ရတယ်လေ ဂျီကျလို့ရတယ်လေ ဘာကြောင့် ဘာကြောင့်တောင်းပန်နေရတာလဲ "Kongpb ပြောတာမှန်တယ် ကျွန်တော်က တော်တော်ကို ကလေးဆန်ပြီး ဆိုးသွမ်းခဲ့တာပဲ
မိသားစုက ကျွန်တော် ဂျီကျသမျှဆိုးသမျှကို
အပြုံးမပျက်ပဲ အလိုလိုက်ခဲ့တယ်
ဒီမိသားစုက ကျွန်တော်မိသားစု တကယ်ဖြစ်ရင်ကောင်းမှာပဲ ကျွန်တော်ကို ပါးနဲ့မားကအရမ်းချစ်တယ် ဘာလို့မွေးစားသားဖြစ်ရတာလဲ ဘာလို့လဲ
မွေးစားသားဖြစ်ပြီး ဒီလောက်အချစ်ခံရတာ
ရှီလို့လား" ကိုကို မျက်ရည်ကျနေတယ် ကိုကိုဘာဖြစ်တာလဲ ညီတို့မသိတဲ့အကြောင်းအရာရှီတယ် မဟုတ်လား ကိုကိုဘာလို့မျက်ရည်ကျတာလဲ "
တွေးရင်း ဝမ်းနည်းလာလို့ မျက်ရည်တွေတောင်ကျနေတာပဲ ကျွန်တော် မျက်ရည်ကို သုတ်ပေးပြီး စိတ်ပူပြီးမေးနေတဲ့ Kongကိုဖက်ထားလိုက်သည် ကျွန်တော်ဖက်လိုက်တော့ ကျွန်တော်ကျောကို လက်နဲသပ်ပေးပြီး
" ကိုကို ဘာဖြစ်နေတာလဲ ဖြေပါအုံး
ဘာတွေခံစားနေရတာလဲ ကိုကိုရယ် မျက်ရည်ကျလောက်အောင် ကိုကိုဘာတွေခံစားနေရလဲ
ညီကို အခုမပြောချင်ရင်နေပါ ညီအတင်းမမေးတော့ပါဘူး ဒါပေမဲ့ ကိုကိုမျက်ရည်မကျပါနဲ့
ကိုကို မျက်ရည်တစ်စက်က ညီရင်ကို ငရဲမီးနဲ့
ထိုးစွနေသလို ပူလောင်နေတယ် ကိုကို "" တောင်းပန်ပါတယ် "
" မလိုပါဘူး ကိုကိုရယ် ညီအပါအဝင်
ပါးနဲ့မားက ကိုကို ဘာလုပ်လုပ် အပြစ်မယူ
အပြစ်မမြင်ပဲ ကိုကို့ကို အရမ်းချစ်တယ်ဆိုတာ ယကိုကိုလုံးဝမမေ့ပါနဲ့ "Kong Pov;
ကိုကို့ကိုဖက်ထားပြီး နှစ်သိမ့်နေရပေမဲ့ ကျွန်တော်ကိုကိုတစ်ခုခုဖြစ်မှာကို အရမ်းကြောက်တယ်
ဒီနေ့ဖြစ်တဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားရင် သေချာသွားတာ တခုရှီတယ် အဲ့ဒါကိုကို့ကိုအရမ်းချစ်တယ်ဆိုတာပဲ ညီ ကိုကို့ကို အရမ်းချစ်တယ်။
