Part 16

1.9K 122 2
                                    

ပိုင်ရှင်ရှီတဲ့ကိုကို

Part 16

Namtarn ကို ညစာမကျွေးလိုက်ရပဲ ပြန်လွှတ်ရသည်။  ညစာတာစားရင် သားငယ် စိတ်မငြိမ်ပဲ ဒေါသကြီးနေလို ကျွန်မ နေရာမှာမဟုတ်ဘူး Namtarn ထွက်သွားပြီးမကြာခင်ဟန်ဝင်လာသည်။

"  ဒီမှာကွေ့တယို သားငယ်နဲ့သားကြီး အတွက် ''

သားတွေအတွက်တော့သိတက်ပြီး
ကျွန်မကိုချန်ခဲ့တဲ့ဟန်ကိုစလိုက်သည်။

" ကျွန်မအတွက်ကောမပါဘူးလား ''

" မယ်ရီက ကိုယ်နဲ့ထမင်းစားပေးလေ ''

" ဟုတ်ပါပြီ ''

" သားငယ်ပြန်မလာသေးဘူးလား အသံတိတ်နေတယ်  ''

  "  ထမင်းစားခန်းထဲမှာသွားတွေ့လိုက်အုန်း ''

ရိဟန်ထမင်းစားခန်းဝင်လာတော့ သားငယ်မျက်နှာ တော်တော်တင်းနေသည်။

"  သားငယ် ဒီမှာကွေ့တယိုဝယ်လာတယ် သားကြိုက်တယ်မဟုတ်လား ''

" ကိုကို ကြိုက်လို့ဝယ်လာတာ မဟုတ်လား 
အပိုတွေ မေးနေသေးတယ် ''

" ပါပါးကို ဘယ်လိုပြောနေတာလဲ
မေမေထည့်ပေးမယ် စားလိုက်
ဟန်က သားကြီးကို သွားကျွေးလိုက် ''

" ကျွန်တော်သွားကျွေးလိုက်မယ်  ''

" ဒီလိုမျက်နှာထားနဲ့လား သားငယ်
ကိုကိုကမင်းမျက်နှာတွေ့ပြီး စိတ်ဆင်းရဲလိမ့်မယ်
မသွားနဲ့ ဒီမှာပဲစား ''

မယ်ရီနဲ့သားပြောတာကိုဟန်နားမလည်ပဲ
ကြည့်နေမိသည်။

" ကိုကိုကပါပါးကျွေးတာ စားမယ်ထင်လို့လား
အဲ့ဒါဆိုသွားကျွေး ''

သားငယ် စူပုတ်ပုတ်နဲ့  သူအတွက်ထည့်ထားတဲ့
ကွေ့တယိုကို စားနေသည်။ 
ဟန်ကဘာဖြစ်တာလဲဆိုတဲ့ အကြည့်နဲ့ ကြည့်နေတယ်

"  သားကြီး  ''

" ပါပါး "

ကျွန်တော်ခေါ်လိုက်တာနဲ့ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ဝင်လာသည်။

" ပါပါးကကွေ့တယိုဝယ်လာတယ်
ထပြီးစားပါအုန်း ပါးခွံကျွေးမယ် ''

" ဗိုက်မဆာဘူး ပါးအစောန Namtarn ဝယ်လာတဲ့မုန့်တွေစားပြီး ဗိုက်မဆာတော့ဘူး ''

သားငယ်တင်းနေတဲ့ကိစ္စကို ဟန်အခုမှသဘောပေါက်သည်။

" စိတ်မကောင်းဘူး ပါပါးကစားစေချင်လို့ဝယ်လာတာကိုး ''

" ကျွန်တော် လမ်းလျှောက်ချင်တယ်
ပါပါးကျွန်တော်ကို တွဲပေး ''

" မလျှောက်သေးပါနဲ့ ဆေးရုံကဆင်းတာ
တပတ်တောင်မပြည့်သေးဘူး ''

" လျှောက်ချင်တယ် ဒုက္ခတ လိုမနေချင်ဘူး  ''

" အဲ့ဒါဆို ဖြေးဖြေးထနော်  ''

ကျွန်တော် သားကြီး ခြေထောက်ကို ကုတင်အောက်ဘက် ဆွဲချလိုက်ပြီး  မက်တပ်ရပ်ဖို့ ပြောလိုက်သည်။

" ဖြေးဖြေးထရပ်နော် စိတ်ကို အရမ်းမမြန်နဲ့ ''

" ဟုတ်   ''

မမြန်နဲ့ပြောပေမဲ့ သားကြီးထရပ်လိုက်ပြီး ထိန်းနေတဲ့ ကျွန်တော်ထက် သူမြန်မြန်လျှောက်ချင်တာနဲ့ နှစ်လမ်းလောက်ပဲ လျှောက်ရသေး သားကြီးလဲသွားသည်

Arthit -  " အား !!! "

ပိုင်ရှင်ရှီတဲ့ကိုကိုWhere stories live. Discover now