ပိုင်ရှင်ရှီတဲ့ကိုကို
Part 19
Kong
ဒီနေ့ကျွန်တော် စာမေးပွဲဖြေဆိုတဲ့နောက်ဆုံးရက်ဖြစ်သည်။ ကိုကိုကကုမ္ပဏီအလုပ်တွေ ပြန်လုပ်နေပြီဖြစ်သည်။ နောက်ဆုံးရက်မို့လို့
ကိုကိုအလုပ်ကစောစော ပြန်လာပြီး ညစာသွားစားမယ်လို့ ကတိပေးထားသည်။" ဒီနေ့ ငါတို့နောက်ဆုံးရက် သောက်မယ်စားမယ် Kongpob "
Aimက သောက်စားဖို့ခေါ်နေသည်။
Mayကပါ ထောက်ခံနေသည်။" ဟုတ်တယ် Kong နောက်ငါတို့က အလုပ်လုပ်ရတော့မှာ ဒီနေ့အပြတ်ကဲမယ် "
" Sorry ဒီနေ့ငါမိသားစုနဲ့ ညစားစားဖို့
ချိန်းထားတယ် "Tewက ညည်းညူစွာဆိုသည်။
" မင်းတို့မိသားစုက နေ့တိုင်းတွေ့ရတာပဲ "
Moonက သူကိုထပ်မံဆွယ်နေသည်။
" ဟုတ်သားပဲ Kong ကလည်း "
" အေးလေ မင်းကလည်း မင်းပါပါးတို့ကိုဖုန်းဆက်လိုက် ဒီနေ့ငါတို့နဲ့သွားဖို့ "
" တောင်းပန်ပါတယ် သူငယ်ချင်းတို့ ငါရဲ့ပါပါးတို့က ဖုန်းဆက်ရင် လက်ခံပေးမယ်ဆိုပေမဲ့ ငါကိုကိုက မရဘူး ဒီနေ့အလုပ်ကဖျက်ပြီး ငါကို အချိန်ပေးမှာ "
Aimက ဇွဲမလျော့ပဲဆိုသည်။
" အပိုတွေ Kong ရာ ငါတို့ဖုန်းဆက်ပေးမယ် "
" တောင်းပန်ပါတယ် မနက်ဖြန် ငါအကုန်တာဝန်ယူမယ် မနက်ဖြန်သွားတာပေါ့ "
Tew " နားလည်ပြီ Kong မင်းကိုကိုက မရတာမဟုတ်ဘူး မင်းက မင်းကိုကိုနဲ့ ညစာအပြင်မှာ စားချင်နေတာ မဟုတ်လား "
" အရင်လတွေက ကိုကိုက ကျန်းမာရေး ကောင်းအောင် ဆေးကုနေရတာ ဒီနေ့မှ မိသားစု အပြင်ထွက်ပြီး ကိုကို့ကို ပျော်ရွှင်စေချင်တာလည်း ပါပါတယ် အဲ့ဒီအစား မနက်ဖြန် မင်းတို့အားလုံးကိုး
ငါစိတ်ကြိုက်ကျွေးမယ် "May " ကတိနော် Kong "
Kong " ကတိပါ ကတိ "
သူငယ်ချင်းတွေပြောလို့ရလို့တော်သေးသည် ဒီနေ့ကိုကို့ကို ပျော်စေချင်သည် ပါပါးကလည်း
ကိုကိုအတွက် ကိုကို ကြိုက်တဲ့ ဆိုင်ကို
ဘိုကင်လုပ်ထားမယ်ပြောသည်။⛪
မှန်ရှေ့ရပ်နေတော့လင်ယောက်ကျားဖြစ်သူကို
မယ်ရီမေးလိုက်သည်။" ရေတောင်ချိုးပြီးပြီလား ဟန်"
" ချိုုးပြီးပြီ သားငယ် လာတာနဲ့ သွားယုံပဲ "
" သားကြီးရော တခါတည်း ပါမလာဘူးလား "
" သားကြီးက အဖွဲ့မှူး Namtarn နဲ့ ပစ္စည်းသွားစစ်တာ ဆိုင်ကိုပဲ တခါတည်းတန်းလာမယ်ပြောတယ် "
" အဲ့ဒီမိန်းကလေးက သားကြီးနားအရမ်းကပ်တယ် ကျွန်မ မကြိုက်ပါဘူး သားကြီး အဲ့ဒီဝန်ထမ်းမလေးကို ကြိုက်သွားမှာ ဆိုးသည် "
" လောဘမတက်ပါနဲ့တော့မယ်ရီ
ကိုယ့်တို့မွေးထားတဲ့သားအရင်းတောင် အချိန်တန်အိမ်ထောင်ပြုရင် ကိုယ့်တို့မပိုင်တော့ဘူးလေ
သားကြီးက ကိုယ့်တို့မွေးထားတာ မဟုတ်ဘူးလေ "" အဲ့ဒါကြောင့် သားကြီးကို သားငယ်လက်ထဲပဲ ထည့်ပေးချင်တာ ကျွန်မသိတယ် မိခင်တစ်ယောက်အနေနဲ့ သိတယ် သားငယ် သူကိုကို့ကို သဝန်တိုတက်နေပြီ သားငယ်စိတ်ထဲမှာ သားကြီးကို ညီအစ်ကိုထက်ပိုတယ် ပိုချစ်နေတာ ကျွန်မသိတယ် "
" အဲ့ဒီထိ မစဉ်းစားနဲ့လို့ ကိုယ့်ပြောနေတာ အကြိမ်ကြိမ်ရှီပြီမယ်ရီ အရင်တုန်းက မင်းစဉ်းစားတာ ကိုယ့်မပိတ်ပင်ခဲ့ဘူး ကိုယ့်လည်း အဲ့လိုဖြစ်စေချင်ပါတယ် ဒါပေမဲ့ အခုသားကြီးက ယဉ်တိုက်မှုဖြစ်ပြီး နောက်ပိုင်း ကျန်းမာရေး အခြေအနေက နှလုံးကိုဆိုးရွားစွာထိခိုက်ခဲ့တယ် ဒီအဖြစ်အမှန်ကို သိတဲ့နေ့ သားကြီး တခုခုဖြစ်လိမ့်မယ် "
" ကျွန်မသိပါတယ် သားကြီးကို အရမ်းချစ်တယ် အခုတလော အိမ်မက်တွေမကောင်းဘူး "
ဒီအချိန်မှာ ကျွန်တော်တို့ ပြောတာကို ကြားသွားပြီး ထွက်သွားတဲ့ လူရှီမယ်ဆိုတာ ကျွန်တော်တို့ စောစီးစွာ သိခဲ့ရင် သိခဲ့ရင်
