Part 5

2.1K 155 2
                                    

ပိုင်ရှင်ရှီတဲ့ကိုကို Part 5

ဒီနေ့ကျောင်းပိတ်ရက်မို့ ကိုကိုအခန်းထဲဝင်ပြီး ကိုကို့ကို ကလိဖို့လုပ်တော့ ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေသော ကိုကို့ကိုတွေ့ရသည်။
ကြည့်လိုက်တော့ မိန်းကလေးပုံနဲ့ကိုယ့်ရေးအကျည်းဖိုင်တွေ

"ကိုကို အဲ့ဒါ ဘာလုပ်နေတာလဲ ''

"ဝန်ထမ်းအသစ်ခေါ်ယူမလို့ လာလျှောက်တဲ့
ပုံတွေလေ ညီ ''

Kong mouseကို ကိုင်ပြီး Next နှိပ်ကြည့်တော့ မိန်းကလေးတွေပဲများနေသည်။

" ဝန်ထမ်းသစ်တွေကလည်း လျှောက်ထားတာ မိန်းကလေးငယ်ငယ်တွေများနေပါ့လား တစ်ယောက်မှ မခန့်နဲ့ကိုကို ယောက်ကျားလေးတွေပဲရွေးခန့်''

"အင်တာဗျူး ကြည့်ပြီး အရည်အချင်းရှီတဲ့သူတွေ ခန့်မှာပေါ့ ညီ ကောင်လေးချောချောတွေလည်း အများကြီးလျှောက်ထားပါတယ် ညီ ဒီမှာ ကြည့်ပါ့လား ''

"ဘာလို့လူငယ်တွေပဲ ခန့်တာလဲ ကိုကို ''

"လူငယ်ဆိုတော့ ကောင်းတာပေါ့ ညီ အတွေးခေါ်သစ်လည်းရှီတယ် အကြံကောင်းတွေလည်းပေးနိုင်မယ် ခေတ်နဲ့အညီ ထုတ်ကုန်တွေလည်းထုတ်နိုင်မယ် သူတို့အနာဂတ်တိုးတက်ဖို့ အတွက်လည်း ကြိုးစားကျမယ် မကောင်းဘူးလား ညီ ''

"ကိုကိုက ထက်မြက်တာပဲ ကျွန်တော် အဲ့လိုထက်မြက်ပြီးတော်တဲ့ကိုကို့ကို ဆုံးရှုံးရမှာကြောက်တယ် အဲ့လိုငယ်တဲ့သူတွေ ခန့်ထားမှာတော့ ကိုကို စိတ်ဝင်စားသွားမှာ ကျွန်တော် ကြောက်တယ် ''

"အဲ့ဒီအတွက်မပူနဲ့ ကိုကိုကအချစ်ဆိုတာမသိဘူး။
ညီ ကိုကိုသိတာက ကိုကိုမိသားစုကို
ကိုကိုအရမ်းချစ်တယ်။ မိသားစုကိုခွဲပြီး
တစ်ခြားတစ်ယောက်ကို ချစ်ဖို့ဆိုတာ
ကိုကိုဘဝမှာ ဘယ်တော့မှာ ဖြစ်လာမှာမဟုတ်ဘူး ''

ကိုကိုစကားကြောင့် Kongကျေနပ်နှစ်သက်မိသွားသည်။

"တကယ်နော် ကိုကို ''

"အင်း ညီ ကိုကို ဂုတ်ကို နှိပ်ပေးအုန်း ကွန်ပျူတာကြည့်တာကြာလို့ ညောင်းနေတယ် ''

"အကြီးက ခိုင်းတော့လည်း အငယ်က
လုပ်ပေးရမှာပေါ့ ''

ကိုကို ဂုတ်ကိုနှိပ်ပြီးတဲ့အပြင် ကိုကိုက
အိပ်ရာပေါ်လှဲပြီး နဖူးမျက်ရိုးနားကိုပါ နှိပ်ပေးနေရသည်။ အလုပ်လုပ်တာနည်းနည်း ညီကိုခိုင်စားတာများများ ဟုတ်ပါတယ်လေ ဒီလိုခိုင်းကောင်းတဲ့ ညီကို ပစ်ပြီး မိန်းမယူမဲ့ ကိုကိုမဟုတ်လောက်ပါဘူး။

ပိုင်ရှင်ရှီတဲ့ကိုကိုWhere stories live. Discover now