လောကကြီးက မတရားဘူးဟု သူထင်မိသည်။ သူ့အား လူတစ်ယောက်၏ တန်ဖိုးကို သိနားလည်အောင် လောကကြီးက သင်ပြမပေးခဲ့သည့်တိုင် သူကတော့ လူတစ်ယောက်ချင်းစီမှာ သူ့တန်ဖိုး ၊ သူ့အရည်အချင်းနှင့်သူ ရှိနှင့်ပြီးသားဆိုသည်ကို ငယ်စဉ်ကတည်းက ခံစားလာခဲ့ရသည့် စိတ်အခြေအနေများအရ အလိုလို သိနားလည််ခဲ့ရသည်ပင်။ သို့သော် အရာရာ၌ အကောင်းမြင်တတ်လွန်းသည့် သူ့ကိုတော့ ထိုလောကြီးကပင် လူအများအမြင်မှာ တန်ဖိုးမရှိသည့် လူတစ်ယောက်အဖြစ် ရှိစေခဲ့သည်။
သူက ဘယ်သူ့အတွက် ဘယ်လိုပုံစံမျိုးနှင့် ဖြစ်တည်လာမှန်းတောင် ကိုယ့်ကိုယ်ကိုယ်မသိတော့။
သူ့ဘဝက ခဲတစ်လုံး ပစ်ချလိုက်တိုင်း ဂယက်ထသွားသည့် ရေပွက်ပမာ ဖြစ်နေခဲ့သည်။ ဘယ်ကိုသွားလို့ ဘာလုပ်ရမည်မှန်း မသိသော သူ့အခြေအနေက အိမ်ပြန်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။ ဖေဖေက လက်ခံမည် မဟုတ်တော့။
မကြာမီ ကျောင်းဆင်းတော့မည်။ သူကျောင်းဆင်းမှာကိုပင် ကြောက်နေမိသည်။ သူထွက်ပြေးသင့်လား။ ဘယ်ကို ထွက်ပြေးရမှာလဲ။ စဉ်းစားလိုက်တိုင်း ကိုက်နေသော ခေါင်းက ပေါက်ထွက်တော့မတတ်။
ကျောင်းဆင်းချိန်မှာတော့ Lady သည် သူ့အား မျက်နှာပြောင်တိုက်လှစွာ ဘာမှမဖြစ်သလိုပင် လာတွေ့ခဲ့သည်။
"Taehyung ငါတကယ်တောင်းပန်ပါတယ်။ ငါမရည်ရွယ်ပါဘူး။ နင် အိမ်ပြန်မလာရင် အကောင်းဆုံးဖြစ်မှာမို့ ဖေဖေ့အတွက် ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားပေးပါနော်။ ငါသွားတော့မယ်"
ကျေးဇူးဆပ်တယ်လို့ သဘောထားပေးရမည်တဲ့လား။ ဘယ်သူမှားခဲ့တာလဲ။ သူ့ရဲ့ဖြစ်တည်လာမှုကလား။ ဒါမှမဟုတ် သူ့ရဲ့ ပျော့ညံ့မှုတို့ကလား။ နေထိုင်လာခဲ့ရတဲ့ ဘဝမှာ ဘာကိုမှ မတောင့်တခဲ့ဖူးသော သူက မိသားစုဆိုတာကိုပဲ အလိုရှိခဲ့တာ။ သို့သော် သူတောင့်တသော မိသားစုက သူ့ကို မလိုချင်၍ ပစ်ပယ်လိုက်ပြီဟူသော ခံစားချက်က နာကျင်ရသည်ထက် နာကြည်းမိရခြင်းသာ။
"Kim Taehyung ရေ...။ သခင်အသစ်ဆီမှာ ကျွန်တစ်ယောက်အဖြစ် သွားနေကြတာပေါ့။ မင်းဘဝက အစကတည်းက ကျွန်တစ်ယောက် ဖြစ်လာဖို့ပဲဟာ။ ဘာတွေကို တွေးပူနေရအုံးမှာလဲ"
YOU ARE READING
Middle【Completed】
FanfictionJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©