Part 26

9.9K 1K 96
                                    

အရင်လို ပြန်မဖြစ်နိုင်တော့တဲ့ တွေ့ဆုံမှုမှာ ငါတို့နှစ်ယောက်ကြားက အချစ်ရဲ့ နီးခြင်း ဝေးခြင်းတွေဆိုတာ ရှိနေအုံးမှာတဲ့လား။

ရက်စက်လိုက်တာဆိုတဲ့ စကားတစ်ခွန်းကို အတတ်နိုင်ဆုံး မပြောဖြစ်အောင်နေခဲ့ပေမဲ့ စိမ်းကားမုန်းတီးခြင်းတွေပါတဲ့ မျက်ဝန်းတွေကို ကြည့်မိတိုင်း ငါ့ရင်တွေ သေလောက်အောင် နာကျင်ရတယ်ဆိုတာ မင်းမှမသိခဲ့တာပဲ။

ဒါပေမဲ့လဲ မျက်ဝန်းတွေကတစ်ဆင့် မင်းကို ပြောပြချင်ခဲ့မိပါတယ်။ မင်းက ငါ့ရဲ့တစ်ဦးတည်းသော သခင်လို့လေ။

~~~~~

ဘူဆန်သို့သွားသည့် လမ်းမကြီးထက် ကားတစ်စီးသည် အရှိန်ပြင်းစွာဖြင့် တရွေ့ရွေ့ပြေးနေခဲ့သည်။

နှုတ်ခမ်းဖျားမှ နာမည်တစ်ခုကို အထပ်ထပ်ရွတ်ဆိုလျက်ရှိရင်း သူ့မျက်ဝန်းတို့မှာမူ ပကတိ တည်ငြိမ်နေခဲ့ခြင်း မရှိပေ။ ကားစတီယာရင်အား ဆုပ်ကိုင်ထားသည့် လက်များမှာလည်း တုန်ယင်နေလျက်။

ရုတ်တရက် အဖြစ်အပျက်တို့က မြန်ဆန်လွန်းနေခဲ့သည်။ လမ်းအကွေ့၌ ပေါ်လာခဲ့သော ကုန်ကားတစ်စီးအား သူ ရှောင်ချိန်မရလိုက်နိုင်‌ပေ။ နားထင်ပေါ်သို့ တစက်စက် စီးကျလျက်ရှိသော သွေးစီးကြောင်းများသည် သူ့အား တုန်လှုပ်စေခဲ့ပေမဲ့ နာကျင်မှုကို မပေးစွမ်းနိုင်။

မျက်လုံးများ မှေးမှိတ်မသွားခင်အချိန်ထိ သူသည် ကောင်းကင်ပြာကိုသာ မော့ကြည့်နေခဲ့မိလျက်သား။ ထိုကောင်းကင်ပြာထဲ၌ တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ငြားဆိုသော အတွေးစတချို့နှင့်အတူ ပါးပြင်ထက် စီးဆင်းသွားသည်က မျက်ရည်ပူများသာ ဖြစ်လို့နေခဲ့သည်။

Babe ဆိုသော နာမ်စားတစ်ခုကိုသာ ထပ်တလဲလဲရေရွတ်မိရင်း သူ ဘာကိုမှ မမြင်နိုင်။ ဘာကိုမှ မကြားနိုင်တော့။

အိပ်မက်သည် အိပ်မက်သာလျှင် ဖြစ်သည်။ အညိုဖျော့ရောင် လေဟာပြင်ထဲသို့ ပြန်မရောက်ခင်အထိ သူဆုတောင်းမိသည်က Babe ဆိုသော နာမ်စားလေးအစား နာမည်လေး ဖြစ်ဖြစ် အမှတ်ရလာနိုင်ပါရစေဟူ၍။

Middle【Completed】Where stories live. Discover now