Part 23

10.2K 1K 35
                                    

ဆေးနံ့တို့ လှိုင်လှိုင်ထနေကာ တစ်ခုတင်နှင့် တစ်ခုတင်ကြား ခန်းဆီးလိုက်ကာပဲ ခြားထားသည့် ဆေးရုံပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်း သူ့စိတ်တို့က ဗျာများနေရသည်။

"စိုးရိမ်စရာမရှိတော့ပါဘူး။ မကြာခင် နိုးလာပါလိမ့်မယ်။ လူနာက ပြင်းထန်တဲ့ဖိအားတစ်ခုကြောင့် စိတ်လှုပ်ရှားသွားတယ်ထင်တယ်။ နောက်ပြီး ခန္ဓာကိုယ်ကလဲ အားနည်းနေလို့ မေ့လဲသွားတာပါ။ သတိရလာရင်တော့ အိမ်ပြန်လို့ရပါပြီ"

ဆရာဝန်၏ အမှာစကားများအား ခေါင်းတညိတ်ညိတ်လုပ်ရင်း ဆေးရုံခုတင်ထက်မှ သတိမေ့နေဆဲ Jungkook ကို ငေးကြည့်နေမိသည်။ စိတ်ပူနေမည့် Namjoon Hyung ဆီကိုတော့ Taehyung သတိတရ ဖုန်းလှမ်းဆက်မိပါ၏။

"ဟယ်လို Hyung..။ အင်း စိုးရိမ်စရာ မရှိတော့ပါဘူး။ ကျွန်တော် စောင့်ပေးလိုက်မယ်"

"....."

"ရပါတယ်။ Hyung မလာလဲ ရတယ်။ ကျွန်တော် ဘာမှမဖြစ်ဘူး။ Jungkook သတိရလာတာနဲ့ ပြန်မှာပဲကို"

"....."

"ဟုတ်ကဲ့ Hyung"

ဖုန်းပြောပြီးသည်နှင့် ဆို့တက်လာခဲ့သော အပူလုံးတချို့အား သက်သာရာ ရလိုရငြား မှုတ်ထုတ်ပစ်လိုက်ကာ အိပ်မက်ကမ္ဘာထဲ အလည်ရောက်နေပုံရသည့် Jungkook ထံသို့ ပြန်၍ အကြည့်ရောက်မိသည်။

Jungkook အခုထိ နိုးမလာသေးပါ။

Jungkook နိုးလာလျှင် သူ ဘာလုပ်ရမည်နည်း။ တုန်ယင်လျက် အေးစက်နေခဲ့သော လက်ဖျားတို့အား ဖိနှိပ်ဆုပ်နယ်မိရရင်း ခေါင်းထဲ၌ အသည်းအသန် စဉ်းစားနေမိသည်က Jungkook ၏ အစိုးမရသော စိတ်အခြေအနေများကိုသာဖြစ်သည်။

"ငါဘာလုပ်သင့်လဲ Jungkook..။ ငါ ဘယ်လိုလုပ်မှ မင်းနဲ့ငါ..."

တိုးတိုးတိတ်တိတ်ဆိုမိသော စကားတစ်ခွန်းသည် အဆုံးသတ်၍ပင် မရခဲ့။ တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်ပစ်မိရရင်း မိမိအဖြစ်ကို တွေးကာ ခေါင်းကိုပဲ အသာ ခါယမ်းမိလိုက်သည်။

သူသည်က ထိုအရာအားလုံးကို ဖွင့်ဟဝန်ခံချင်ခဲ့မိသလို တစ်ခါတလေကျတော့လည်း သတ္တိမရှိလှစွာ ထိုအရာအားလုံးနှင့် ဝေးရာသို့ ကျောခိုင်းရှောင်ပြေးပစ်ချင်မိသည်။

Middle【Completed】Onde histórias criam vida. Descubra agora