《EXTRA》

1.4K 114 11
                                    

သူ့အပေါ်ထားသော
ကျွန်တော့်ချစ်ခြင်းတွင်
စကားလုံးများစွာမလို။

သူသာလျှင်
နှလုံးသားသခင်ပေမို့။

သူစေလိုရာတွင်
ကျွန်တော်နေမည်။
သူပုံသွင်းသည့်အတိုင်း
ကျွန်တော် ရှိမည်။

သို့သော် သူနှင့်ဝေးရာ
အရပ်တွင်တော့
ကျွန်တော် မနေလို။

ကျွန်တော်၏ သူ့အတွက်
ဖြစ်တည်မှုအပေါ် သူက
နှစ်သက်သလို ပြုံးသည်။

သူ့အပြုံးတစ်စုံကိုသာ
ကိုးကွယ်သည့် ကျွန်တော့်အား
ကျွန်တော်မြတ်နိုးသည့်
မျက်ဝန်းညိုတို့နှင့်
တယုတယချော့မြှူလို့
ခွင့်လွှတ်ခြင်းများပါဝင်သည့်
နူးညံ့သော ချစ်ခြင်းတရားကိုသာ
သူက လိုလိုလားလားပေးအပ်သည်။

~~~~~

"Happy Birthday ကိုယ့်ဘဝလေး"

"ကျေးဇူးပဲ Jungkook"

ပြုံးရယ်ပြလာသော မျက်နှာချိုချိုလေးနှင့် ပါးပြင်ထက် နူးနူး‌ညံ့ညံ့လေး ထိတွေ့လာသော အထိအတွေ့လေးတစ်ခုကြောင့် သူသည် ကူကယ်ရာမဲ့စွာ စိတ်နှင့်ကိုယ် မကပ်ချင်တော့ပေ။

အလုပ်ကိစ္စတစ်ခုနှင့် အီဆန်သို့ မသွားရသေးခင်မှာပင် Tae မွေးနေ့က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သည်။ Tae ၏ မွေးနေ့တိုင်းကို အတူတူဖြတ်သန်းပေးခဲ့ရသည့် နှစ်ကာလတို့က ကြာမြင့်ခဲ့သည့်တိုင် Tae ‌မွေးနေ့ရောက်တိုင်းမှာ သူ့ခံစားချက်တို့က နုပျိုမြဲ လတ်ဆတ်နေမြဲပါပင်။

"‌မွေးနေ့မှာ ဘာလိုချင်လဲ"

"ဟင်။ မင်းက ငါ့မွေးနေ့အတွက် ဘာမှ ကြိုမဝယ်ထားဘူးပေါ့။ ဟုတ်လား Jungkook"

မျက်မှောင်လေးကို ကုတ်လို့ အလိုမကျသလိုလေး ဖြစ်သွားသည့်ပုံစံက သူ့အား သဘောတကျ ပြုံးမိစေသည်။ သူတို့ရဲ့ အိမ်ထောင်သက်တမ်း ကြာလာသည်နှင့်အမျှ သူ့အမျိုးသားလေးက ကလေးဆန်လာပြီး ပိုချစ်ဖို့ ကောင်းလာတယ်လို့ သူကတော့ ထင်မိတော့တာပဲ။

နှုတ်ခမ်းတပြင်ပြင်နှင့် သူ့အား အပြစ်တင်လို့ စိတ်ဆိုးချင်သည့်ဟန် ပေါ်ပေမဲ့ Tae သည် သူ့ပုံစံလေးအတိုင်း စကားတစ်ခွန်းမှ မပြောဘဲ သူ့အား မကျေနပ်သလိုလေး ကြည့်လာလျက် တိတ်ဆိတ်နေသည်။ သူ့မှာသာ မနေနိုင် မထိုင်နိုင်ဖြစ်ရကာ ထိုအမူအရာလေးအား တစိမ့်စိမ့်ကြည့်မိရင်း ချစ်စနိုးနှင့် စနောက်ချင်စိတ်တို့သာ တဖွားဖွားပေါ်လာမိပါ၏။

Middle【Completed】Donde viven las historias. Descúbrelo ahora