Part 8

16.7K 1.5K 82
                                    

တိတ်ဆိတ်သွားသော လေထုက သူတို့နှစ်ဦးကြား ပို၍ဆိတ်ငြိမ်သွားခဲ့သလို Jungkook သည်လည်း သူ့အဖြေကို စောင့်နေသည့်အလား။

နှုတ်ခမ်းတစ်စုံထက် ဖြစ်တည်နေသည့် ခပ်ပါးပါးအပြုံးနှင့်အတူ အနိုင်ရမှာ ကြိုသိနေသော မျက်ဝန်းတို့ကပါ တလက်လက် တောက်ပလျက်။ ခံပြင်းစိတ်တို့ကြောင့် သူသည် ရုတ်တရက် ဘာလုပ်လို့ လုပ်ရမည်မှန်းမသိတော့။ အနှီလူနှင့် ထိပ်တိုက်ရင်ဆိုင်ကြည့်ချင်သည့်တိုင် လက်တွေ့တွင်တော့ ထိုသို့ပြုမူဖို့ရန် မလွယ်ကူလှပေ။

"ရတယ်လေ။ ငါက အလုပ်ပဲ လုပ်ချင်တာဆိုတော့ မင်း ပြောသလို မင်းရဲ့ချစ်သူအဖြစ် ငါနေပေးမယ်။ အဲဒါဆိုရပြီမလား ပြောစရာကျန်သေးလား Jungkook"

တစ်ခုမဟုတ်တစ်ခု ရွေးရမည်ဆိုလျှင် သူသည် ထိုတစ်ခုကိုသာ မျက်စိစုံမှိတ်ရွေးချယ်ချင်ပါ၏။ Jungkook  နှင့် သူ့ကြားတွင် သံယောဇဉ်ဟူ၍ မရှိ၊ ငဲ့ရမည့်မျက်နှာဟူ၍ မရှိ ၊ စိတ်ခံစားချက်ကောင်းများပင် မရှိကာ မချစ်တတ်သူချင်းသာဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက်အတွက် ဤနည်းကပင် အကျိုးနည်းစေနိုင်သည်မဟုတ်လား။

ဘာမှမပြောနိုင်ဘဲ ဆွံ့အသွားကာ သူ့ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသော Jungkook ၏မျက်နှာက သူဒီလိုပြောလာလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် အံ့သြသွားပုံရသည်။ သူ့ဘက်ကလည်း ထိုထက်ပို၍ ဘာစကားမှ မပြောချင်တော့သည်ကြောင့် ကားပေါ်မှ ဆင်းလိုက်ကာ ခြေလှမ်းတို့က ထိုနေရာနှင့် ဝေးရာသို့သာ ဦးတည်မိတော့သည်။

"Taehyung"

အနောက်မှ လှမ်းခေါ်လိုက်သော Jungkook ၏ အသံနှင့်အတူ လက်တစ်ဖက်ကိုပါ ဆောင့်ဆွဲခြင်းခံလိုက်ရသည်။ လူက ဟန်ချက်ပျက်ကာ လဲတော့မလို ဖြစ်သွားပေမဲ့ ပခုံးတစ်ဖက်ကို ချက်ချင်းဆွဲကိုင်ထိန်းလိုက်သော Jungkook ကြောင့် ရုတ်တရက် ထူပူသွားသော စိတ်ဖြင့် မိမိ လက်တို့အား အတင်းပြန်ရုန်းမိရသည်။

"အလုပ်ကို သွားမှာမလား။ လိုက်ပို့ပေးမယ်"

"မင်းလိုက်ပို့စရာမလိုပါဘူး။ ငါတစ်ယောက်တည်း သွားလဲ အဆင်ပြေတယ်"

Middle【Completed】Dove le storie prendono vita. Scoprilo ora