ကမ်းရိုးတန်းတစ်လျှောက် နှစ်ယောက်သား လမ်းလျှောက်လာရင်း စကားမပြောမိကြပေ။ Jungkook က သူ့ကို တစ်ချက်တစ်ချက် လှည့်ကြည့်ကာ အကဲခတ်နေပုံရပေမဲ့ သူကတော့ တိတ်တဆိတ်သာ နေဖြစ်သည်။ အတော်ကြာသည်အထိ ပျင်းရိစရာကောင်းနေခဲ့သော သူတို့နှစ်ယောက်အနေအထားကို Jungkook ရိပ်မိသည် ထင်၏။
"Taehyung ဟိုနားမှာ ခဏထိုင်ရအောင်"
Jungkook ညွှန်ပြရာနေရာတွင် ရှိနေသည်က ကျောက်ဆောင်ခပ်ကြီးကြီးတစ်ခု။ ထိုကျောက်ဆောင်များက သူ Jungkook ကို သတိရတိုင်း သွားနေကျဖြစ်သည့် ဘူဆန်ရှိ ပင်လယ်ကမ်းခြေကို သတိရစေသည်။
သူ့အပြောကိုတောင် မစောင့်ဘဲ Jungkook သည် ထိုနေရာသို့သွားကာ ကျောက်ဆောင်ခပ်မြင့်မြင့်ပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ရင်း အကျအနပင် တက်ထိုင်နေလျက်။
အလုပ်နှင့်လာခဲ့သည်ကိုတောင် သတိရရဲ့လားမသိ။ တစ်ဇွတ်ထိုးဆန်သော Jungkook ၏ စိတ်က ယခုချိန်ထိတိုင် မပြောင်းလဲသေးပုံရသည်။
Jungkook ဘေးနားမှာ တိတ်တဆိတ်ဝင်ထိုင်မိရရင်း ကောင်းကင်ကြီးကို အကြောင်းမဲ့စွာ Taehyung မော့ကြည့်ဖြစ်သည်။ အငန်ဓာတ်ပါလှသော ပင်လယ်လေညင်းက ဖြည်းညင်းစွာ ဝင်ရောက်တိုက်ခတ်လာခဲ့ချိန် စိတ်ထဲ၌ ကြည်နူးမှုမဖြစ်စေဘဲ ခါးသက်သက်သာ ဖြစ်လို့နေသည်။
"Tae . Hyung"
သူ့နာမည်ကို တစ်လုံးချင်း တီးတိုးရေရွတ်၍ သဘောကျသလို ရယ်နေပြန်သော Jungkook..။ ဘာတွေကိုများ တွေးမိသွားပြန်ပြီလဲ။ သူ အဖြေမရှာချင်ပါ။ သို့သော် တစ်ဖက်တွင်လည်း အမှတ်မရှိသော သူက မျှော်လင့်ချက်ဆိုသော အလင်းရောင်ခြည်လေးတစ်ခုအား ဆုပ်ကိုင်ထားချင်မိဆဲပင် ဖြစ်ပါ၏။
"ထူးဆန်းတယ်။ Taehyung နာမည်ကို ဘယ်မှာ ကြားဖူးမှန်းမသိဘူး။ အရမ်းရင်းနှီးနေသလို ဖြစ်နေတယ်"
"လောကမှာ နာမည်တူမရှား၊ လူတူမရှားပါဘူး Jungkook..။ ကျွန်တော့်လို နာမည်တွေက များတယ်လေ။ Jungkook တစ်နေရာရာမှာ ကြားဖူးတာ ဖြစ်ပါလိမ့်မယ်"
ဖြေရှင်းချက် ပြန်ပေးမိသော စကားတချို့၌ အတိတ်၏ ခံစားချက်အငွေ့အသက်များက ကပ်ပါလာခဲ့သယောင်။
![](https://img.wattpad.com/cover/163291276-288-k451495.jpg)
YOU ARE READING
Middle【Completed】
FanfictionJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©