အခန်းငယ်၏ အပူချိန်က ရုတ်တရက် တိုးလာသည်လား ၊ သူ၏ ပူနွေးလျက်ရှိနေသည့် ခန္ဓာကိုယ်ကပဲ တစ်စုံတစ်ရာအား မျှော်လင့်နေမိသည်ကြောင့် ပုံမှန်ထက် ပို၍ ပူနေသည်လား မပြောတတ်ပေ။ မိမိအိပ်ခန်းကျယ်၏ အနေအထားအား ဝေ့ဝဲကြည့်မိပါရင်း သူ စိတ်ပျက်မိစွာ စုတ်သပ်မိပါ၏။
"သခင်လေး သက်သာရဲ့လား။ ခေါင်းက ဘယ်လိုနေသေးလဲ။ မူးနေသေးလား"
Mr Lee က သူ့အတွက် ဆေးယူလာရင်း စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။ Tae အား ကားစင်တာသို့ ခေါ်သွားရခြင်း၏ နောက်ဆုံးရလဒ်က သူ့ခေါင်းမှာ ဒဏ်ရာရခဲ့ကာ အနာရှိန်ကြောင့် လူက အိပ်ရာထဲ လှဲနေရသည့်အဖြစ်ပင်။ တကယ်ဆို သူက Tae ကို ကားမောင်းသင်ပေးမယ်ဆိုသော အကြောင်းပြချက်ဖြင့် သူ့ဘဝတစ်စိတ်တစ်ပိုင်းအား ထုတ်ဖော်၍ ပြောပြချင်ခဲ့မိတာဖြစ်သည်။ ထို့ပြင် တစ်နေ့လုံး မတွေ့ရသည့် Tae ကို သတိရမိ၍ သွားတွေ့ချင်မိသည်ကြောင့်လည်း ပါသည်။
သို့ထိတိုင် ယခုကဲ့သို့ မျှော်လင့်မထားသည့် အခြေအနေများ ဖြစ်လာရလိမ့်မည်ဟု မည်သူကမျှ ထင်ထားလိမ့်မည်မဟုတ်ပေ။
"ရတယ် Mr Lee..၊ ကျွန်တော် ဘာမှ မဖြစ်တော့ဘူး။ Taehyung သွားပြီလား"
"ဟုတ်ကဲ့ သွားပါပြီ"
"ကျွန်တော် အဆင်ပြေတာမို့ သူ့နောက်ကို လိုက်သွားပေးပါ။ သူ့ကို စောင့်ကြည့်ထားပေး။ သူတစ်ခုခုဖြစ်ရင် ကျွန်တော့်ဆီ ဖုန်းဆက်ပေးပါ Mr Lee"
မျက်နှာက အနာရှိန်ကြောင့် ဖြူဖျော့နေကာ အားမရှိသောပုံစံ ဖြစ်နေသည့် သခင်လေးသည် အကောင်းပကတိ ဘာမှမဖြစ်သော Taehyung အားစိတ်ပူနေသည်ကို Mr Lee မမြင်ရက်။ ငယ်စဉ်ကတည်းက သားတစ်ယောက်လို သံယောဇဉ်တွယ်ရသူမို့ ပို၍ စိုးရိမ်မိသည်။
"Taehyung အဆင်ပြေမှာပါ။ သူ အလုပ်မသွားခင် ကျွန်တော့်ကို အိမ်စောစော ပြန်လာမယ်လို့ ပြောသွားသေးတယ်။ သခင်လေးသာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ ကျွန်တော် Taehyung ဆီသွားလိုက်လို့ သခင်လေး ဒီမှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ"
"ကျွန်တော် အဆင်ပြေပါတယ်လို့ ပြောနေတယ်လေ Mr Lee...။ Taehyung ဆီကိုသာသွားပေးပါ။ သူထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် ကျွန်တော့်ကို မစိုးရိမ်ဘဲနဲ့ Taehyung ဆီကိုပဲသွားပေးပါ"

BINABASA MO ANG
Middle【Completed】
FanfictionJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©