"Hyung နဲ့ လိုက်ခဲ့မလား"
Namjoon Hyung သည် သူ့လက်တို့ကို ဆုပ်ကိုင်ထားကာ သူ့အား နူးညံ့စွာကြည့်လျက် ဆိုလာခဲ့သည်။ ထို့နောက် ပါးပြင်ပေါ်ရှိ မျက်ရည်စီးကြောင်းတို့ကို ခပ်ဖွဖွ သုတ်ပေးရင်း။
"Hyung မေမေက Hyung ကို ဟိုမှာ လာနေဖို့ ပြောနေတယ်။ ဒီကအလုပ်တွေကို Hyung ဂရုမစိုက်ဘူး။ Hyung မှ ဝါသနာမပါတာ။ ဖေဖေနဲ့ တိုင်ပင်ကြည့်တော့လဲ ဖေဖေက Hyung ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါတဲ့။ ဒါပေမဲ့ Hyung ဘာလို့ပြန်လာခဲ့တာလဲသိလား။ Taehyung ကြောင့် ကလေး ဒီမှာ ရှိနေတဲ့အတွက် Hyung ပြန်လာခဲ့ရတာ"
တွေဝေတုံ့ဆိုင်းခြင်းမရှိပါဘဲ ပြတ်ပြတ်သားသား ပြောလာခဲ့သော Namjoon Hyung ကြောင့် ရုတ်တရက်စကားမဆိုနိုင်ဘဲ Hyung ကိုသာ ငေးမောကြည့်နေမိသည်။ Hyung ၏ အေးချမ်းမှုတို့ ဖြစ်တည်နေသည့် မျက်ဝန်းများက တည်ငြိမ်နေခဲ့သလို လေးနက်ခြင်းတို့ အပြည့်နှင့်ဖြစ်လို့နေ၏။
Hyung တစ်ယောက် သူပြောပြခဲ့တာတွေကို နားထောင်နေခဲ့တာရော ဟုတ်ပါရဲ့လား။
"ဖြေလေ Taehyung"
"Hyung.. ကျွန်တော်ပြောတာတွေကို နားထောင်ခဲ့ပါတယ်နော်။ ကျွန်တော့်ရဲ့ အရင်တုန်းက အကြောင်းတွေကိုလေ"
Hyung က သူ့ပခုံးအား ဖွဖွလေး ဆုပ်ကိုင်ကာ နှစ်သိမ့်ပြုံးလေး ပြုံးပြလာသည်။ Hyung ၏ အေးချမ်းလှသည့် အပြုံးများက သူ့ကို စိတ်သက်သာရာရစေရန် ကူညီပေးနေခဲ့လေသလား သူ မတွေးတတ်တော့။
"Taehyung နဲ့ Jungkook ကြားက အဖြစ်အပျက်တွေကို Hyung သိပြီးသားပါ။ Yoonwoo ပြောပြခဲ့လို့ အကုန်သိခဲ့ပြီးပြီ။ အခုကော Hyung ကို ပြောပြလိုက်လို့ စိတ်ထဲမှာ နေလို့ကောင်းသွားပြီလား"
အပြစ်လုပ်ထားမိသူတစ်ယောက်လို Hyung ရှေ့၌ သူ ခေါင်းငုံ့နေမိ၏။ Hyung က စိတ်မဆိုးသည့်အပြင် သူ အနေရမခက်စေရန် ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးလေး ပြောပေးနေသည့်အတွက် သူ့စိတ်ကို ပိုလို့ပင် အပြစ်ဖြစ်စေပြန်သည်။
"တောင်းပန်ပါတယ် Hyung ၊ ကျွန်တော့်အကြောင်းတွေက Hyung အတွက် အရေးမပါလောက်ဘူးထင်ခဲ့မိလို့"
Hyung သက်ပြင်းချသည်။ တကယ်ကို တိုးတိုးလေး။
"Taehyung ကို Hyung ချစ်တာ သိတယ်မဟုတ်လား။ Taehyung စိတ်ဓာတ်တွေ ကျနေတဲ့အချိန်၊ Taehyung ဝမ်းနည်းနေတဲ့အချိန်မှာ Hyung မျက်နှာကောင်း ဝင်ယူတာမဟုတ်သလို သူရဲကောင်း ဝင်လုပ်ပေးတာလဲ မဟုတ်ဘူး။ ဒီအတိုင်းလေး Taehyung ကိုပဲ ပျော်စေချင်ခဲ့တာ။ Taehyung ဘဝလေးကို အေးချမ်းမှုဆိုတာကိုပဲ ပေးချင်ခဲ့လို့။ စိတ်သစ်လူသစ်နဲ့ အနာဂတ်သစ်မှာ Taehyung အိပ်မက်တွေကို Hyung အကောင်အထည် ဖော်ပေးချင်တယ်ဆိုရင် Taehyung လက်ခံမလား"
YOU ARE READING
Middle【Completed】
FanfictionJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©