Part 11

14.3K 1.3K 29
                                    

ဆိုင်ခန်းကျယ်တစ်ခု၏ ပတ်ပတ်လည် အနေအထားကို အကဲခတ်မိရင်း သူ့ဘေးတွင် ငြိမ်သက်နေသည့် အမျိုးသမီးကို တစ်ချက်ငဲ့ကြည့်မိသည်။ သူ၏ အမျိုးမျိုးအထွေထွေ ပြောင်းလဲလျက်ရှိသော စိတ်ခံစားချက်များအကြား ထိုအမျိုးသမီးမှာ မဆီမဆိုင် ဓားစာခံဖြစ်သွားရသည်ကြောင့်။

"ဆောရီးပါ Min Jiwoo ssi.. ကျွန်တော် မရည်ရွယ်ပါဘူး"

"ရပါတယ် ကျွန်မဘာမှမဖြစ်ပါဘူး။ နောက်ပြီး ဥက္ကဋ္ဌကြီးက ပြောလိုက်ပါတယ်။ Jungkook လိုချင်တဲ့ ဆိုင်ခန်းပုံစံတွေ့ရင် တစ်ခါတည်းငွေချေပေးဖို့"

Min Jiwoo မှာ သူ့ဒယ်ဒီ၏ အတွင်းရေးမှူးဖြစ်ကာ သူဆိုင်ခန်းလိုချင်သည်ဆို၍ လိုက်လာပေးခြင်းဖြစ်သည်။

"ကျွန်တော် လိုချင်တဲ့အချိန် ပြန်ဆက်သွယ်လိုက်ပါ့မယ်။ ပြန်လို့ရပါပြီ။ ဒယ်ဒီ့ကိုပြောပေးပါ မယူတော့ဘူးလို့"

"ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်မကို သွားခွင့်ပြုပါအုံး"

ဆိုင်ခန်းလိုချင်မိသည်က Tae အတွက်ပင်။ Tae ပျင်းနေမည်စိုး၍ ကျောင်းပြန်မတက်ခင်အချိန်လေးမှာ ဆိုင်တစ်ဆိုင်‌လောက်ဖွင့်ပေးရင် ကောင်းမလားဟု စဉ်းစားခဲ့မိတာ ဖြစ်သည်။ သူ့မှာ နေ့ရောညပါ ဆိုင်ခန်းအတွက် သူကိုယ်တိုင်လိုက်ရှာခဲ့ပေမဲ့ ဤနေ့တွင် တွေ့လိုက်ရသော Tae ၏ အပြုအမူတို့က သူ့ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုပင်။ သူနှင့်ထိ‌တွေ့မိတိုင်း အမြဲအလိုမကျစွာ ငြင်းဆန်တတ်ခဲ့သော Tae သည် Yoonwoo ဆိုသည့်လူ၏ လက်တို့ကိုတော့ ခပ်တင်းတင်းဆုပ်ကိုင်ထားကာ သူ့ရှေ့၌ အကာအကွယ်ပေးနေခဲ့သည်။

အမှန်အတိုင်းဆိုရသော် သူကိုယ်တိုင်က အလိုမကျသည့် စိတ်နှင့်အတူ ဒေါသထွက်မိသွားရခြင်းဖြစ်သည်။ လှည့်ထွက်လာသည့် ခြေလှမ်းတို့တွင် Tae အား ထိုသို့ထားခဲ့မိရခြင်းအပေါ် နောင်တရစိတ်များရှိလို့နေပေမဲ့ တစ်ဖက်တွင်လည်း လျစ်လျူရှုချင်ခဲ့သည့် စိတ်နှင့်အတူ နာကျင်မိရပြန်ပါ၏။

သူ့ကိုဆို အကြောင်းပြချက်မရှိ အမြဲငြင်းဆန်တတ်တဲ့ Tae အကြောင်းကို သူသိရက်နဲ့ သူ ဝယ်ပေးမဲ့ ဆိုင်ခန်းကိုရော Tae က လက်ခံမှာတဲ့လား။ ငါ့ကို ဘာဒုက္ခပေးအုံးမလို့လဲ ဆိုတဲ့ အကြည့်တွေနဲ့ Tae သူ့ကို ကြည့်လာအုံးမှာပဲလေ။

Middle【Completed】Where stories live. Discover now