Part 28

11.2K 1.1K 112
                                    

တိတ်ဆိတ်၍ အလင်းရောင်ပင် ထိုးဖောက် မဝင်ရောက်နိုင်လောက်အောင် ထူထဲပြီး အလျားအနံရှည်လှသော ခန်းဆီးလိုက်ကာများက အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်စေသည်အထိ အခန်းတွင်းဝယ် အမှောင်ချ‌ပေးထားလျက်။

ခုတင်အစွန်းဘက်ထောင့်တစ်နေရာဝယ် ဒူးနှစ်ဖက်ကို ခပ်တင်းတင်း ပိုက်ထားကာ ထိုခုတင်အစွန်းကို အမှီပြုလျက် ကျုံ့ကျုံ့လေး ထိုင်နေသော လူတစ်ဦး။

ခပ်ရဲရဲမျက်ဝန်းများက အိပ်ပျက်ညတို့ များလွန်း၍ ကြောင်စီစီဖြစ်ကာ မျက်ကွင်းတစ်ဝိုက်တွင်တော့ အညိုရောင်တို့ သန်းနေခဲ့သည်။

သို့သော် ခန္ဓာကိုယ်ကမူ တုပ်တုပ်ပင်မလှုပ် ရှိရကာ တစ်စုံတစ်ရာက ဖိနှိပ်ခံထားရသည့်အလား ငြိမ်သက်နေလျက်။ တစ်ကိုယ်လုံး ပူကျပ်နေသော ခန္ဓာကိုယ်က ကိုင်ရိုက်ထားသလိုဖြစ်ကာ မလှုပ်ချင်လောက်အောင်အထိ နာကျင်‌နေသည်။

ရက်ပေါင်း ဘယ်လောက် ရှိသွားပြီလဲ သူ မသိ။ ကြမ်းပြင်ထက်တွင် စိတ်တိုင်းကျ ထုရိုက် ပေါက်ခွဲထားသော ပစ္စည်းတို့က ဟိုတစ်စ ဒီတစ်စနှင့် ပြန့်ကျဲနေလျက် သူ့အား ပြက်ရယ်ပြုနေပြန်၏။

သူသည် တွေဝေခြောက်ခြားစွာ ငေးစိုက်ကြည့်နေခဲ့ရင်း တစ်စထက်တစ်စ မြင်ယောင်လာပြန်သော မြင်ကွင်းတချို့အား မောင်းထုတ်ပစ်ချင်ပေမဲ့ တစ်ဖက်တွင်လည်း ဤသည်က အမှန်တရားဆိုသည်ကို လက်ခံနေခဲ့မိသည်။

ကြောက်ရွံ့တုန်လှုပ်လာမိကာ ပွယောင်းယောင်းနှင့် ရှုပ်ထွေးနေသည့် ဆံပင်တို့ကို တစ်ဖန်ဖိဆုပ်ကိုင်မိရင်း ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်မိသောအခါ ပူနွေးနွေး မျက်ရည်တို့က အလွယ်တကူပင် ခုန်ဆင်းလာခဲ့၏။

တစ်ခုသောည၏ အိပ်စက်ခြင်းမှာ သူ့ အိပ်မက်ထဲက အရိပ်ငယ်က Taehyung တဲ့လား။ တစ်ဖက်သတ်ဖြစ်နေခဲ့သော အဖြူရောင်အိပ်မက်တို့တွင် အရိပ်ငယ်အစား Taehyung က ရှင်းရှင်းလင်းလင်း နေရာယူလာခဲ့သည်။ သူ အမြဲတမ်း တွေ့ချင်မြင်ချင်ခဲ့သည့် ယုယချင်ခဲ့မိသည့် ထိုအရိပ်ငယ်လေးဟာ အခုတော့ Kim Taehyung ဖြစ်နေခဲ့ပါသည်တဲ့။

သူ့အိပ်မက်များထဲတွင် မည်သည့်အခါကမှ မျက်ဝါးထင်ထင် ပေါ်လာခဲ့ဖူးခြင်းမရှိ‌သော ပုံရိပ်ငယ်က Taehyung ဖြစ်နေခဲ့သည်မှာ သူ့အား ပို၍ ဆောက်တည်ရာမရဖြစ်စေခဲ့သည်။

Middle【Completed】Donde viven las historias. Descúbrelo ahora