🐯💌🐰

11.2K 710 88
                                    

01/10/2018 ကနေ 30/06/2019 ထိ ရှစ်လကြာ ရေးခဲ့ရတဲ့ Fiction လေးတစ်ပုဒ်ကို အဆုံးသတ်သွားနိုင်ခဲ့ပါပြီ။ I Hate You One Shot လေးနဲ့ဆိုရင်တော့ နှစ်ခုပြီးသွားပြီလို့ပဲ ပြောရမှာပေါ့။

ဇာတ်သိမ်းပိုင်းကို ဖတ်ရတာ ပေါ့သွားမယ်လို့ ထင်ပါတယ်ရှင်။ အတတ်နိုင်ဆုံး ကြည်ကြည်နူးနူးလေးဖြစ်အောင် ရေးထားပေမဲ့ ကိုယ်တိုင်ကလည်း အချိုတွေ အရိုတွေ သိပ်မကြိုက်တော့ Romance ကို သိပ်မရေးတတ်လို့ပါနော်။ ကလေးနှစ်ယောက်ရဲ့ အချစ်ကို ဖော်ကျူးရာမှာ မပေါ်လွင်သွားစေခဲ့ရင် တကယ်ပဲ တောင်းပန်ပါတယ်။

ဒီ Fictionကို ရေးဖို့ Idea ရစေခဲ့တဲ့ အကြောင်းရင်းနှစ်ခုရှိပါတယ်ရှင့်။ တစ်ခုက ငယ်ငယ်လေးကတည်းက သဘောကျခဲ့ရတဲ့ Japan ဇာတ်လမ်းတွဲဖြစ်တဲ့ Hana Yori Dango ကိုပြန်ကြည့်မိရင်းနဲ့ Idea ပေါ်လာခဲ့တာပါ။ ကိုရီးယားကားလဲ ရှိပါတယ်။ Boys Over Flowers (F4) ပါ။ အစကရေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒီအတိုင်း Idea ပေါ်ရုံလေးပါပဲ။ နောက်တော့ Zedd ရဲ့ The Middle ကို နားထောင်ရင်းနဲ့ လုံးဝကို ရေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။ နောက်ပြီး ကလေးနှစ်ယောက်နဲ့ ပတ်သက်လို့ ဘဝမှာ အမှတ်တရတစ်ခုခုကျန်ခဲ့ချင်တယ်ဆိုပြီး စဉ်းစားသွားမိတာလဲ ပါပါတယ်။ ခေါင်းစဉ်လေးကိုလဲ ဇာတ်လမ်းလေးနဲ့ လိုက်တယ်ထင်မိလို့ Middle လို့ပဲ ပေးဖြစ်သွားပါတယ်ရှင့်။

အစအဆုံးနီးပါးလောက် အကြမ်းဖျင်းရေးထားတာကြာ‌ပေမဲ့ တကယ်တမ်း Wattpad မှာ Publish လုပ်တဲ့အချိန်ကျ စိုးရိမ်ခဲ့ရပါသေးတယ်။ ငါ့ Fic ကြီးက ဒရာမာ တအားချိုးလွန်းလို့ ဖတ်မဲ့သူသိပ်မရှိလောက်ဘူးလို့ ထင်ထားမိပေမဲ့ စီနီယာ Author တွေ တော်တော််များများ လာဖတ်ပေးကြတဲ့အပြင် နောက်ပိုင်း Viewer လေးတွေလဲ တဖြည်းဖြည်း များလာတာ မြင်မိတော့ ဝမ်းသာခဲ့ရပါတယ်။

နောက်ပြီး ပျင်းစရာကောင်းလွန်းပြီး အပိုင်းအရမ်းများလွန်းတဲ့ Drama Fic ကြီးကို စိတ်မပျက်သွားဘဲ ဖတ်ပေးကြလို့လဲ အခုလို Final ထိ အောင်အောင်မြင်မြင်နဲ့ ဆက်ရေးဖြစ်သွားတယ်လို့ ပြောရမှာပါပဲ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက အရေးအသားပိုင်းမှာရော Plot ပိုင်းမှာပါ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ ဒီ Middle လေးကို အဆုံးထိ ကိုယ်နဲ့အတူလိုက်ခဲ့ပေးပြီး ဖတ်ပေး နှစ်သက်ပေးကြတဲ့ စာဖတ်သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောရင်းနဲ့ပဲ ဒီ Middle Fiction လေးကို ဒီမှာတင် တစ်ခန်းရပ်လို့ နှုတ်ဆက်လိုက်ပါရစေနော်။

💜Love You All💜

Middle【Completed】Donde viven las historias. Descúbrelo ahora