Part 22

9.8K 1K 32
                                    

"ဦးလေးကြီး နောက်ထပ် တစ်ပတ်လောက် ပြန်မောင်းပေးပါအုံး"

ထိုစကားတစ်ခွန်းကို Taehyung ဘယ်နှကြိမ်မြောက် ပြော‌နေမိခြင်းမှန်းတောင် မသိတော့။ ကြာတော့ တက္ကစီဒရိုင်ဘာ ဦးလေးကြီးတောင် စိတ်မရှည်ချင်တော့ဘူးထင်သည်။ ခဏခဏ အနောက်သို့ လှည့်ကြည့်လျက် စိတ်ပျက်နေပုံရသည်ကြောင့် သူပါ အားနာလာရတော့၏။

အကြောင်းမှာ သူ့ပခုံးထက်၌ Jungkook တစ်ယောက် အိပ်ပျော်နေခြင်းပင်ဖြစ်သည်။ နှိုးလည်းမနှိုးချင်၊ နှိုးလည်း မနှိုးရက်သောကြောင့် ကုမ္ပဏီရှေ့သို့ရောက်တိုင်း တစ်ပတ်ပြန်ပတ်ခိုင်းနေရသော အဖြစ်ပင်။

သူ့လက်တစ်ဖက်မှာလည်း Jungkook ၏ ဆုပ်ကိုင်ထားခြင်းကို ခံထားရဆဲဖြစ်သည်မို့ သူ့မှာ တုံ့တုံ့တောင် မလှုပ်ရဲ။ သူသည် Jungkook တစ်ယောက်ကြောင့် ဆောင်းတွင်းကြီးမှာတောင် နဖူးထက် ချွေးစို့လာမိလျက်ပါ‌ပင်။

မင်းကတော့ ငါ့ရဲ့ ဒုက္ခအိုး‌အကောင်းစားလေးပါပဲ Jungkook ရယ်။

စိတ်ချလက်ချအနေအထားဖြင့် သူ့ပခုံးထက် အိပ်ပျော်နေလျက်ရှိသော Jungkook ကို သူ တစ်ချက်ငဲ့ကြည့်လိုက်မိသည်။

ဘယ်လိုအကြောင်းတရားများကြောင့် Jungkook နှင့်သူ ဒီလိုတွေဖြစ်နေရတာပါလိမ့်။ လက်ရှိအခြေအနေမှာ သူက Jungkook အနားကနေ သတ္တိမရှိစွာ ရှောင်ပြေးနေဆဲ လူတစ်ယောက်။ အကယ်၍များ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘဲ အရာအားလုံးကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုလျှင်ရော Jungkook က သူ့အနားမှာ ရှိနေပေးဦးမှာတဲ့လား။

မျှော်မှန်းထားသလို ဖြစ်မလာခဲ့လျှင်ဆိုသော အတွေးများက သူ့အား Jungkook အနားမှာ ဆက်နေခွင့်မပေးခဲ့။ မဟုတ်သေး။ ဆက်၍မနေရဲသည်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ထိုထက်ပို၍ တွေးမိရသည်က Jungkook သူ့ကို ပြန်သတိရလာမည့် နေ့ရက်တစ်ရက်ကိုများ ရောက်လာခဲ့လျှင် စာတစ်စောင်နှင့်အတူ ထားသွားခဲ့သည့် သူ့အား မုန်းနေမှာကို သူသိသည်။ ထားသွားပြီးမှ ဘာလို့ပြန်ရောက်လာခဲ့တာလဲ ဟူသော မေးခွန်းများ မေးလာခဲ့လျှင် သူ့မှာဖြေစရာအဖြေမရှိ။ တွေးလေလေ ဝေးလေလေ ဖြစ်နေခဲ့သော အခြေအနေသည် လက်ရှိအနေအထား၌ ရပ်တန့်နေပြီလားဆိုတော့လည်း မဟုတ်ပြန်ပါ။

Middle【Completed】Where stories live. Discover now