Part 21

10.5K 1.1K 89
                                    

ဘူဆန်တွင် သုံးရက်မျှ ကြာပြီးသည့်နောက် Taehyung တို့ ဆိုးလ်သို့ ပြန်မည့်ရက်ကို ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် ပြန်ရမည့်အချိန်ရောက်မှ Yoonwoo မှာ ဘာထဖြစ်သည်မသိ၊ တစ်ချိန်လုံး ပျော်ပျော်နေတတ်သူက ဒီနေ့ကျမှ မျက်နှာလည်း မကောင်းလှ‌ပေ။ ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ သူ့ကိုရော Namjoon Hyung ကိုပါ တကြည့်ကြည့်ဖြစ်‌နေသည်ကြောင့် သူတောင် နည်းနည်းလေး စိတ်မရှည်ချင်ဖြစ်လာရသည်။

"Yoonwoo ၊ မင်း တကယ်ပဲ ဘာဖြစ်နေတာလဲ။ မျက်နှာက မအီမသာနဲ့။ Yuna နဲ့ ရန်ဖြစ်ထားတာလား"

ပြောလိုက်မှပင် မိုးပြိုကျတော့မတတ် ငေးကြည့်နေခဲ့သော မျက်နှာက ချက်ချင်းပဲ အဖြေရှာလို့ ရသွားသည့်ပုံမျိုး ဖြစ်သွားလျက် Namjoon Hyung ကို ကမန်းကတန်းပြောလာသည်က။

"Namjoon Hyung ခဏလေး၊ ခဏလေးပါ။ ကျွန်တော် Taehyung နဲ့ စကားပြောချင်လို့။ ခဏခေါ်သွားလို့ရမလား။ မကြာဘူး။ ခဏဆိုခဏပဲ"

"သွားလေ။ မြန်မြန်တော့ ပြန်လာခဲ့နော် Yoonwoo"

Namjoon Hyung ဆီမှ ခွင့်ပြုပေးသံကြားသည်နှင့် သူ့လက်ကိုအတင်းဆွဲကာ မပြေးရုံတမယ် သွားနေသော Yoonwoo ကြောင့် Taehyung အတွေးတို့က မတည်ငြိမ်ချင်တော့ပေ။ Yoonwoo တစ်ယောက် ဘာကိစ္စကို ပြောမှာမို့ အခုလိုမျိုး ယောက်ယက်ခတ်နေမှန်း သူ မတွေးတတ်တော့။ ခပ်ကြောင်ကြောင် အနေအထားဖြင့်သာ Yoonwoo ခြေလှမ်းများနောက်သို့ အပြေးတစ်ပိုင်း လိုက်လာမိရတော့သည်။

ဆွဲခေါ်လာခဲ့သော နေရာက သူနှင့် Yoonwoo စကားပြောနေကျနေရာ။ သို့မဟုတ်ပါက သူ Jungkook ကို သတိရတိုင်းသွားလေ့ရှိသည့် ဘူဆန် ကမ်းခြေသို့ပင်။

ပင်လယ်ပြင်၏ လှိုင်းခတ်သံက ဤနေ့တွင်တော့ ပို၍ကျယ်လောင်နေသယောင်ရှိလှသည်။ သူ့အား Namjoon Hyung နှင့် ဝေးရာ ပင်လယ်ပြင်ဘက်ဆီသို့ ဇွတ်ဆွဲခေါ်လာသော Yoonwoo တွင် ပြောမပြနိုင်သည့် အခက်အခဲ တစ်စုံတစ်ရာ ရှိနေခဲ့ခြင်း‌ပေလား။

လက်သီးဆုပ်လျက် အနေအထားဖြင့် ပင်လယ်လေကို တဝကြီးရှူရှိုက်ရင်း Yoonwoo သည် သူ့အား မျက်စိစုံမှိတ်လို့ လှိုင်းသံများနှင့်ထပ်တူ အော်ပြောလာပါ၏။

Middle【Completed】Where stories live. Discover now