တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင် မာမီနှင့်သူ နှစ်ယောက်တည်းရှိကာ စိမ်းသက်နေမိသည့် အနေအထားတစ်ခုကြောင့် သူ့ဘက်က ဖက်လဲတကင်း ကြိုဆိုခြင်း မပြုမိ။
ဘာလို့ ပြန်လာခဲ့တာလဲ ဟူ၍ မေးချင်ခဲ့မိသည့်တိုင် နှုတ်ခမ်းတစ်စုံက ပွင့်ဟမလာခဲ့ဘဲ ဆိတ်ငြိမ်ခြင်းဖြင့်သာ သူ အစားထိုးပစ်မိလျက်။
"သား"
တိတ်ဆိတ်နေမှုကို မနေတတ်သလို ဖြိုခွင်း၍ သားဟူသော နာမ်စားဖြင့် မာမီထံမှ စကားအစချီလာသည်။
"အဆင်ပြေတယ်မဟုတ်လား"
သူခေါင်းညိတ်ပြတယ်ဆိုရုံလေး ညိတ်ပြလိုက်၏။
"မာမီ သားကို လာတွေ့တာ။ သားအဆင်ပြေတယ်ဆိုတော့ မာမီ စိတ်ချမ်းသာသွားပြီ။ ဒယ်ဒီနဲ့ကော တွေ့ဖြစ်သေးလား"
"ဒီလိုပါပဲ"
"အိုး"
စိတ်မပါစွာ ပြန်ဖြေဖြစ်သော သူ့အဖြေတစ်ခုအပေါ်မှာ အကင်းပါးသည့် မာမီက ရိပ်မိသည်ထင်၏။
"ဒီကို ခဏပြန်လာတာ သားကို တွေ့ချင်လို့။ မာမီ ဟိုကို ပြန်သွားရအုံးမှာ။ နောက်ပြီး မင်းဒယ်ဒီနဲ့လဲ မာမီတိုင်ပင်စရာလေးရှိနေလို့"
"အဲဒါ မာမီတို့ ကိစ္စပါ။ ကျွန်တော် စိတ်မဝင်စားဘူး။ ခဏပဲ ပြန်လာတဲ့သူကို ကျွန်တော်လဲ ဧည့်သည်တစ်ယောက်လိုပဲ ကြိုဆိုနိုင်မယ်။ ဒီအိမ်မှာ မာမီ့အတွက် နေစရာမရှိဘူး"
"Jungkook"
ဒေါသဖြင့် သူ့နာမည်ကို အော်ခေါ်လိုက်ပေမဲ့ သူ၏အေးစက်စက်မျက်နှာထားကို ကြည့်ရင်း မာမီ သက်ပြင်းချလေသည်။
"မင်း ကျောင်းမတက်ဘူးဆို။ ဒါလဲ ကျွန်တော့်ကိစ္စလို့ မပြောနဲ့ Jungkook...၊ မင်းဘဝ၊ မင်းရှေ့ရေးနဲ့ သက်ဆိုင်နေတဲ့ အရာမို့လို့ မာမီပြောနေတာ"
"ကျောင်းက ဆက်တက်မှာပါ"
သူ့အဖြေအပေါ်မှာ မာမီ မတင်မကျဖြစ်နေမှာ သိသည်။ သို့သော် ဘာမှတော့မပြော။ အနေဝေးနေခဲ့သည့် သူနှင့်မာမီကြားမှာ ဒီထက်ပို၍ ပြောဆိုပိုင်ခွင့်ရှိမည် မဟုတ်မှန်း သူ့ပုံစံကို ကြည့်လိုက်သည်နှင့် မာမီ သဘောပေါက်နိုင်လျှင် သိပ်ကောင်းမည်။

أنت تقرأ
Middle【Completed】
أدب الهواةJeon Jungkook 💜 Kim Taehyung I Can't Even Hold Your Hand... But I love You With A Love... That No One Can Understand Babe..!©