Part 30

12.5K 1K 94
                                    

မနက်ခင်း၏ အလင်းပျပျက ဖျော့တော့စွာ ချဉ်းကပ်ဝင်ရောက်လာချိန်၌ ပွင့်လာခဲ့ပါသော မျက်လုံးအစုံက ချစ်ရသူ၏ မျက်နှာတော်အား ဦးစွာပထမ မော်ဖူးမိလျက်။ နူးညံ့သည့် မျက်နှာပြင်ထက် ပြေပြစ်ခြင်းတို့ ရှိနေသော အစိတ်အပိုင်းတစ်ခုချင်းစီကို Taehyung လက်ညှိုးလေးတစ်ချောင်းဖြင့် အသာအယာထိတွေ့‌နေမိရင်း မျက်တောင်မခတ်စတမ်း ငေးကြည့်နေမိသည်။

အိပ်မောကျနေသော မာနမင်းသားလေးတစ်ယောက် အိပ်မက်တွေထဲမှာ သူ့ကိုများ ထည့်မက်နေဦးမလား စူးစမ်းချင်မိပါသေးသည်။ သူ့အပေါ် ဘယ်လိုသဘောထားသေးလဲဆိုသည်ကို မေးမြန်းကြည့်ချင်ပါသေးသည်။

လိုအပ်သည်ထက်ပို၍ လိုက်လျောလာသော ဖြည့်ဆည်းမှုများ၊ပေးဆပ်မှုများအား သူသည် အချစ်မဟုတ်ဟူ၍ သတ်မှတ်ချင်သည့်တိုင် ထိုအချစ်မဟုတ်သည့်အချစ်ကပင် သူ့အပေါ် အချစ်စိတ်လျော့သွားမှာကိုလည်း သူက စိုးရိမ်မိပြန်သည်။

ထိုမာနမင်းသားကိုမှ သူက အပြစ်မမြင် ချစ်ခင်မိခဲ့သည် ဖြစ်သောကြောင့် စိတ်အထိခိုက်တောင် မခံချင်ခဲ့သလို သူကပဲ နားလည်ပေးဖို့ ကြိုးစားနေရသည့် အနေအထားပါပင်။

သူ့အတွက် အပြစ်ရှိသလို ခံစားနေရဆဲဆိုလျှင် Jungkook ၏ ပေးဆပ်နိုင်စွမ်းတို့အပေါ် စမ်းသပ်ချင်မိရုံသက်သက်။ ထိုစိတ်တို့နှင့်အတူ အချစ်ကနေ ခံစားချက်မပါသော ပေးဆပ်မှုများ ဖြစ်လာခဲ့ပြီလားဟု တွေးကြောက်လာမိတော့ မျက်ဝန်းထောင့်စွန်းဆီမှ မျက်ရည်တို့က တစ်ဖန်စီးကျခဲ့ရပြန်၏။ သို့သော် မျက်တောင်တစ်ချက် မခတ်မိပါ။

မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း ချစ်ရသူက သူ့အနားကနေ ပျောက်ကွယ်သွားမည်ကို စိုးထိတ်ခဲ့ရသည့်အချိန်များရှိကြောင်း Jungkook တစ်ယောက်သိမည်မဟုတ်ပေ။ တစ်ခါတလေ အပြစ်တင်စိတ်တွေ လွန်ကဲပြီး သူ့အား Jungkook ထားသွားမှာကိုတောင် ကြောက်လာမိရသည်အထိ Jungkook ၏ မိမိစိတ်ကိုမိမိ ပြစ်ဒဏ်ခတ်မှုများက ပြင်းထန်လွန်းနေဆဲ။

ပူလောင်လိုက်တာဆိုတာလေ။

"မင်း မကောင်းဘူး Jungkook.. ငါ့ကို လူဆိုးဖြစ်အောင် လုပ်တယ်"

Middle【Completed】Where stories live. Discover now