Part 13

13K 1.3K 40
                                    

"မင်း ဒါဘာလုပ်တာလဲ Mi Sera"

ရုတ်တရက်ဆန်၍ အကျည်းတန်လွန်းလှသော အထိအတွေ့တစ်ခုကြောင့် သူ မနှစ်မြို့စွာပင် နှုတ်ခမ်းသားတို့ကို လက်ဖြင့် ပွတ်ဆွဲပစ်မိရင်း Mi Sera ကို ဆောင့်တွန်းလိုက်သည်။

"နမ်းလိုက်တာလေ။ အတွေ့အကြုံမရှိဘူးလို့ မပြောနဲ့နော် ဟန်နီ။ ရှင်က ကျွန်မထက် အတွေ့အကြုံအများကြီးရှိမှာ ကျွန်မသိတယ်"

Mi Sera ၏ပြောစကားများကို ဂရုမစိုက်အား။ ရည်ရွယ်ချက်တစ်ခုနှင့် ခေါ်လာမိတာတောင် မှားနေပြီလား မသိတော့။

ဒေါသထွက်နေရသည့်တိုင် သူ(မ)ကို လက်တုံ့ပြန်ဖို့အရေး စိတ်ထဲတွင်ရှိမနေ။ မျက်လုံးတို့က Taehyung ပြန်လာမည့် လမ်းကိုသာ မျှော်ကြည့်နေမိကာ အစိုးမရသည့် စိတ်တို့ကမူ ပူလောင်နေပြီဖြစ်သည်။ Taehyung သွားသည်မှာ ကြာလှပြီဖြစ်၏။ ရတက်မအေးစွာ ပူပန်နေသောရင်က Taehyung ကိုတွေ့မှ အေးချမ်းတော့မည်ထင်သည်။

"မင်းပြန်တော့"

"လိုက်မပို့ပေး‌တော့ဘူးလား Jungkook ၊ ရှင်နဲ့ ကျွန်မက လက်ထပ်ရမဲ့လူတွေနော်။ ရှင့်ကျွန်ကို ခိုင်းထားတာလဲ အခုထိ ပေါ်မလာသေးဘူး။ ကျွန်မ စောင့်အုံးမှာ"

သူ မကြားချင်ဆုံး အသုံးအနှုန်းတစ်ခုအား သူ(မ)ဆီမှ ကြားလိုက်မိသည်နှင့် နားထဲ၌ သံရည်ပူ လောင်းထည့်ခံလိုက်ရသလို ခံစားချက်များနှင့် သူ(မ)အား သူ ထိုနေရာ၌ပင် သတ်ပစ်ချင်စိတ် ပေါက်သွားမိရသည်။

"မင်းနဲ့ လက်ထပ်မယ်လို့များ ငါ့ဘက်က ပြောမိလို့လား Mi Sera"

"ဘာ"

ဒေါသသံနှင့်အတူ Mi Sera ၏လက်တစ်ဖက်က လေထဲသို့ မြှောက်တက်သွားလျက်။ သူက ထိုလက်ကို ဖမ်းချုပ်ထားလိုက်ကာ လွှတ်မပေးဘဲ တမင်သက်သက် ပညာပြချင်နေခဲ့သော သူ(မ)ကိုယ်အား စူးရဲစွာ စိုက်ကြည့်ပစ်ရင်း။

"မင်းဘက်က ငါ့ကို ပါးရိုက်ရလောက်တဲ့အထိ ငါတို့နှစ်ယောက်ကြားမှာ ကြီးကြီးမားမား မဖြစ်ခဲ့ဘူးလို့ထင်တယ်"

"ကျွန်မ လက်ကိုလွှတ်"

အရှိန်နှင့် ဆောင့်လွှတ်ပစ်တော့ ဒေါသနှင့် သူ(မ)က ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ မြေပြင်‌၌ လဲကျလျက်သား။ ထို့နောက် အံ့သြစူးရှသော မျက်ဝန်းတို့ဖြင့် သူ့အားမော့ကြည့်လာပေမဲ့ သူကတော့ ထူပေးဖို့ စိတ်ကူးတစ်စက်မှကို မရှိလှပေ။ ထို့နောက် Mi Sera သည် သူ့ဘက်မှ အခြေအနေကို နားလည်သွားသည့်အလား သူ့ကို တစ်ချက်ကြည့်ကာ
ဖုန်းလှမ်းဆက်တော့သည်။

Middle【Completed】Where stories live. Discover now